လှဌေးဝင်း (ဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
(ဗိုလ်ချုပ်ကြီးလှဌေးဝင်း မှ ပြန်ညွှန်းထားသည်)

ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် စစ်တက္ကသိုလ်၏ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀) ကျောင်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူး(၂)/ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း)- ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးအရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး- ဗိုလ်ချုပ် သူရ သီဟသူရစစ်မောင်၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်တို့ ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျကွယ်လွန်ခဲ့ရာ ၎င်းခရီးစဉ်တွင် သူသည် စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး)အဖြစ် လိုက်ပါခဲ့သည်။ အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်သမ္မတမှ သရေစည်သူ ဘွဲ့ချီးမြှင့်ခြင်းခံရသူတစ်ဦး ဖြစ်သည်။