ဗာဟိရနန္ဒိက္ခယသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗာဟိရာယတန ခြောက်ပါးတို့တွင် အနိစ္စသာဖြစ်သော အာယတန၌ အနိစ္စဟု သိမြင်မှုသည် သမ္မာဒိဋ္ဌိ ဖြစ်ပုံ၊ မှန်ကန်သိမြင်သောသူသည် ထိုအာယတန၌ ငြီးငွေ့၏။ နှစ်သက်မှုကုန်ခြင်းကြောင့် စွဲမက်မှုကုန်၏။ စွဲမက်မှု “ရာဂ”ကုန်ခြင်းကြောင့် နှစ်သက်မှု “နန္ဒီ”ကုန်၏။ နန္ဒီရာဂကုန်ခြင်းကြောင့်စိတ်ကို သုဝိမုတ္တဟုဆိုအပ်၏ဟု ဗာဟိရာယတန တစ်ပါးစီ တစ်ပါးစီကို ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၃၅၄-၅။ သံ၊မြန်၊၂၊၃၄၉။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၆) ၁-နန္ဒိက္ခယဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ