မာတိကာသို့ ခုန်သွားရန်

ဖုသတိသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် မပြစ်မှား ထိုက်သောပုဂ္ဂိုလ်ကို ပြစ်မှားခြင်းနှင့် ဆက်စပ်၍ အညတရနတ်သား၏ လျှောက်ထားချက်ကို ဘုရားရှင်က “လေညာသို့ ပစ်လွှင့်လိုက်သော သိမ်မွေ့သောမြူသည် ပစ်လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့ ထို့အတူ မပြစ်မှားထိုက်သော ကိလေသာ အညစ်အကြေးမှ သန့်ရှင်းစင်ကြယ်သော ရဟန္တာပုဂ္ဂိုလ်အား ပြစ်မှားမှု မကောင်းမှု အကုသိုလ်ကံသည် ထိုသူမိုက်ထံသို့သာ ပြန်ရောက်လေ၏-ဟု ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. -သံ၊၁၊၁၂-၃။ သံ၊မြန်၊၁၊၁၃။ သံ၊ဋ္ဌ၊၁၊၄။ သံ၊ဋီ၊၁၊၉၀-၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၃-သတ္တိဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ