ပေသလသုတ်

ဝီကီပီးဒီးယား မှ

[၁] အာဠဝီနိုင်ငံ၊ အာဠဝီမြို့၊ အဂ္ဂါဠဝနတ်ကွန်း၌ ဥပဇ္ဈာယ်ဆရာ နိဂြောဓကပ္ပထေရ်နှင့်အတူ အရှင်ဝင်္ဂီသထေရ်တို့ သီတင်းသုံးနေစဉ် မိမိ၏ ပဋိဘာနဉာဏ် ပညာဖြင့် အခြားမထေရ်မြတ်များအား မထေရ်မဲ့မြင် ပြုမိသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဝိပ္ပဋိသာရကို ပယ်ဖျောက်ပြီး “မာနံ ပဇဟဿု” အစရှိသော လေးဂါထာတို့ကို ရွတ်ဆိုသည့်သုတ်။

ဤဂါထာတို့၌ မာန၏အပြစ်များ, ပယ်စွန့်နိုင်သောအကျိုးများကို ပြဆိုထားပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၈၈-၉။ သံ၊မြန်၊၁၊၁၈၉။ သံ၊ဋ္ဌ၊၁၊၂၄၈။ သံ၊ဋီ၊၁၊၂၈၄။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၈-ဝင်္ဂီသသံယုတ္တ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ