ပုပ္ဖသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “ငါဘုရားသည် လောကနှင့် ဘယ်အခါမှ ငြင်းခုံတော်မမူ၊ လောက သည်သာ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘဟု ဟောကြားတော်မူသော ဘုရားနှင့် ငြင်းခုံနေ၏။

= လောက၌ ပညာရှိတို့သည် ခန္ဓာတစ်ပါးစီကို နိစ္စသဘော, ဓုဝသဘော, သဿတသဘော, အဝိပရိမာဏသဘောမရှိဟု သမုတ်အပ်၏၊ ငါဘုရားသည်လည်း ထိုကဲ့သို့ပင် ဟောတော်မူ၏။

= လောက၌ ပညာရှိတို့သည် ခန္ဓာတစ်ပါးစီကို အနိစ္စသဘော, ဒုက္ခသဘော, ဝိပရိဏာမသဘောရှိ၏ဟု သမုတ်အပ်၏။ ငါဘုရားသည်လည်း ထိုကဲ့သို့ ပင် ဟောကြားတော်မူ၏။

= လောက၌ရှိသော ခန္ဓာငါးပါးဟူသော လောကသဘာဝကို ထိုးထွင်း၍ သိတော်မူ၏။ မဂ်ဉာဏ်ဖြင့် သိမြင်တော်မူ၏။ ထိုသို့ ထိုးထွင်း၍ သိမြင်တော်မူခြင်းကြောင့် ဟောကြားသိစေတော်မူ၏။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်၍ဟောကြားတော်မူ၏။ ထင်ရှားအောင် ဟောကြားတော်မူ၏။ ထိုသို့ အမျိုးမျိုးသောနည်းအားဖြင့် ခွဲခြမ်းစိတ် ဖြာဝေဘန်၍ အသေးစိတ် ဟောကြားတော်မူသော်လည်း မသိတတ်သော ဉာဏ် ပညာမျက်လုံးမရှိသော မသိမမြင်သော မိုက်ကန်းသောပုထုဇဉ်ကို ငါဘုရား အဘယ်သို့ တတ်နိုင်ပါမည်နည်း။

= ရေ၌ပေါက်သော, ရေထဲ၌ကြီးပွားသော, ရေကိုကျော်တက်၍တည်သော ကြာပန်းအမျိုးမျိုးသည် ရေဖြင့်မလိမ်းကျံ မငြိကပ်သကဲ့သို့ ထို့အတူ လောက၌ မွေးဖွားသော, လောက၌ကြီးပွားသော မြတ်စွာဘုရားသည် လောကနှင့် မလိမ်းကျံ မငြိကပ် မတွယ်တာဘဲ လောကကို လွှမ်းမိုး၍ နေတော်မူ၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်တော်မူ၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၁၃-၄။ သံ၊မြန်၊၂၊၁၀၅။ သံ၊ဋ္ဌ၊၂၊၂၉၃-။ သံ၊ဋီ၊၁၊၂။ ၂၄၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၀) ၅-ပုပ္ပဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ