မာတိကာသို့ ခုန်သွားရန်

ပုဏ္ဏမသုတ်

ဝီကီပီးဒီးယား မှ

[] ဘုရားရှင် ကောသလနိုင်ငံ၊ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတော် မိဂါရမာတု ပြာသာဒ်၌ သီတင်းကျွတ်လပြည့် မဟာပဝါရဏာ ဥပုသ်နေ့ ညဉ့်၌ ရဟန်းသံဃာတော် များခြံရံလျှက် သီတင်းသုံးနေတော်မူစဉ် အညတရ ရဟန်းက “မြတ်စွာဘုရားရှင် ဖြေကြားတော်မူမည်ဆိုလျှင် ပြဿနာမေးလျှောက်လိုပါကြောင်း လျှောက်ထားမှုကို ဘုရားရှင် ခွင့်ပြုတော်မူပါသဖြင့် မေးလျှောက်သောပြဿနာတို့ကို

= ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏပါဒါနက္ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာတို့ပေတည်း။

= ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့သည် လိုချင်မှု “ဆန္ဒ”လျှင် အကြောင်းရင်းရှိကုန်၏။

= စွဲလမ်းမှု “ဥပါဒါန်”သည် ဥပါဒါနက္ခန္ဓာငါးမျိုးလည်းမဟုတ်၊

= စွဲလမ်းမှု “ဥပါဒါန်”သည် ဥပါဒါနက္ခန္ဓာငါးမျိုးမှ တစ်ခြားလည်းမဟုတ်၊ စင်စစ်သော်ကား ထိုဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ လိုချင်စွဲမက်မှုသည် ဥပါဒါန် မည်၏။

= ရဟန်း ... ဤလောက၌ အချို့သောသူအား အနာဂတ်ကာလ၌ ဤသို့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရဝိညာဏ်-ရှိသူဖြစ်လို၏ဟု ဤသို့ဖြစ်၏။ ရဟန်း ... ဤသို့လျှင် ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ လိုချင်စွဲမက်မှု “ဆန္ဒရာဂ၏ ထူးခြားခြင်းသည် ဖြစ်နိုင်၏။

ရဟန်း ... အတိတ်, အနာဂတ်, ပစ္စုပ္ပန်၊ အတွင်း/အပြင်၊ အကြမ်း/အနု၊ အယုတ်/အမြတ်၊ အနီးအဝေးလည်းဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာ၊ ဝေဒနာအားလုံးကို ဝေဒနက္ခန္ဓာ၊ သညာအားလုံးကို သညာက္ခန္ဓာ၊ သင်္ခါရ အားလုံးကို သင်္ခါရက္ခန္ဓာ၊ ဝိညာဏ်အားလုံးကို ဝိညာဏက္ခန္ဓာ-ဟု ဆိုအပ်၏။ ခန္ဓာတို့၏ ခန္ဓာဟူသောအမည်သည် ဤမျှလောက်ရှိ၏။

=မဟာဘုတ်လေးပါးတို့သည် ရူပက္ခန္ဓာကို ပညတ်ရန် အကြောင်းအထောက် အပံ့ဖြစ်ကုန်၏။

=ဖဿသည် ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာပညတ်ရန် အကြောင်း အထောက်အပံ့ဖြစ်ကုန်၏။

=နာမ်ရုပ်သည် ဝိညာဏက္ခန္ဓာကိုပညတ်ရန် အကြောင်းအထောက်အပံ့ ဖြစ်၏။

=ဤလောက၌ အကြားအမြင်မရှိသော အရိယာတို့ကို မမြင်ဖူးသော၊ အရိယာ တရား၌ မလိမ္မာသော၊ အရိယာတရား၌ ထင်ရှားစွာ သိမြင်နိုင်သော ဉာဏ် ပညာမရှိသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော၊ သူတော်ကောင်း တရား၌ မလိမ္မသော၊ သူတော်ကောင်းတရား၌ အထူးအားဖြင့် သိတတ်သော ဉာဏ်ပညာမရှိသော ပုထုဇဉ်သည် ရုပ်ကို၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကို အတ္တဟုရှု၏။ ရုပ်ကို၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကို ရုပ်ရှိ၏၊ ဝေဒနာရှိ၏။ သညာရှိ၏။ သင်္ခါရရှိ၏။ ဝိညာဏ်ရှိ၏ဟုရှု၏။

= အတ္တ၌ ရုပ်၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကိုရှု၏။

= ရုပ်၌၊ ဝေဒနာ၊ သညာ၌၊ သင်္ခါရ၌၊ ဝိညာဏ်၌ အတ္တကိုရှု၏။ ဤသို့လျှင် “သက္ကာယဒိဋ္ဌိ” သည်ဖြစ်၏။

=ဤလောက၌ အကြားအမြင်ရှိသော၊ အရိယာတို့ကို ဖူးမြင်ဖူးသော၊ အရိယာ တရား၌လိမ္မာသော၊ အရိယာတရား၌ အထူးအားဖြင့် သိတတ်သောဉာဏ် ပညာရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော၊ သူတော်ကောင်းတရား၌ လိမ္မာသော၊ သူတော်ကောင်းတရား၌ အထူးအားဖြင့် သိတတ်သောဉာဏ် ပညာရှိသော အရိယာတပည့်သည်-

-ရုပ်ကို၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကို အတ္တဟုမရှု။

-အတ္တကို ရုပ်ရှိ၏၊ ဝေဒနာရှိ၏၊ သညာရှိ၏၊ သင်္ခါရရှိ၏၊ ဝိညာဏ်ရှိ၏ဟု မရှု။

-အတ္တ၌ ရုပ်ကို၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကိုမရှု။

-ရုပ်၌၊ ဝေဒနာ၌၊ သညာ၌၊ သင်္ခါရ၌၊ ဝိညာဏ်၌ အတ္တကိုမရှု။ ဤသို့လျှင် “သက္ကာယဒိဋ္ဌိ မဖြစ်ပေ။

= ရုပ်ကို၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကို စွဲ၍ဖြစ်သော ကိုယ်ချမ်းသာခြင်း, စိတ်ချမ်းသာခြင်းသည် ရုပ်၏၊ ဝေဒနာ၏၊ သညာ၏။ သင်္ခါရ၏၊ ဝိညာဏ်၏ သာယာဖွယ်ပေတည်း။

= ရုပ်၏၊ ဝေဒနာ၏၊ သညာ၏။ သင်္ခါရ၏၊ ဝိညာဏ်၏ မမြဲသောသဘော, ဆင်းရဲသောသဘော, ဖောက်ပြန်သောသဘောသည် ရုပ်၏၊ ဝေဒနာ၏။ သညာ၏။ သင်္ခါရ၏၊ ဝိညာဏ်၏ အပြစ်ပေတည်း။

= ရုပ်၌၊ ဝေဒနာ၌၊ သညာ၌၊ သင်္ခါရ၌၊ ဝိညာဏ်၌ လိုချင်စွဲမက်မှု “ဆန္ဒရာဂ”ကို ပယ်ဖျောက်ခြင်း, ပယ်ခြင်းသည် ရုပ်မှ၊ ဝေဒနာမှ၊ သညာ၊ သင်္ခါရမှ၊ ဝိညာဏ်မှ လွတ်မြောက်မှုပေတည်း။

= အတိတ်, အနာဂတ်, ပစ္စုပ္ပန်၊ အတွင်း/အပြင်၊ အကြမ်းအနု၊ အယုတ်/အမြတ်၊ အဝေး/အနီးလည်းဖြစ်သော- ရုပ်အားလုံးကို၊ ဝေဒနာအားလုံးကို၊ သညာအားလုံးကို၊ သင်္ခါရအားလုံးကို၊ ဝိညာဏ်အားလုံးကို ဤရုပ်သည်၊ ဤဝေဒနာသည်၊ ဤသညာသည်၊ ဤ သင်္ခါရသည်၊ ဤဝိညာဏ်သည် ငါ မဟုတ်, ငါ၏ကိုယ် “အတ္တ”မဟုတ်, ငါ့ဥစ္စာမဟုတ်-ဟု ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ဉာဏ်ပညာဖြင့်ရှု၏။ ဤသို့ သိမြင်သောပုဂ္ဂိုလ်အား ဤဝိညာဏ်ရှိသော ကိုယ်၌ဖြစ်စေ၊ အပြင် အပဖြစ်သော နိမိတ်အားလုံးတို့၌ဖြစ်စေ၊ ငါဟုစွဲယူသော ဒိဋ္ဌိ၊ ငါ့ဥစ္စာဟု တပ်မက်မှု “တဏှာ၊ ထောင်လွှားမှု “မာနာနုသယ”တို့သည် မဖြစ်ကုန်။

ထိုအခါ ရဟန်းတစ်ပါးအား “အချင်းတို့ ... ဤသို့ ရုပ်သည်၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရသည်၊ ဝိညာဏ်သည် အတ္တမဟုတ်ဘူးတဲ့၊ အတ္တမဟုတ် ဘဲပြုအပ်သော အမှုတို့သည် အဘယ်အတ္တသို့ ရောက်နိုင်ကုန်လိမ့်မည်နည်းဟု စိတ်အကြံအစည် ဖြစ်ပေါ်လေသည်။

ထိုရဟန်း၏ စိတ်အကြံအစည်ကို စိတ်တော်ဖြင့် သိတော်မူခြင်းကြောင့် ဘုရားရှင်က “ရဟန်းတို့ ... ဤလောက၌ သိမြင်လိမ္မာသော ဉာဏ်မရှိ၊ တွေဝေ ခြင်းသို့ရောက်သော အချို့သော မောဃပုရိသသည် “အချင်းတို့ ဤသို့ ရုပ်သည်။ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရသည်၊ ဝိညာဏ်သည် အတ္တမဟုတ်ဘူးတဲ့၊ အတ္တမဟုတ်ဘဲ ပြုအပ်သောအမှုတို့သည် အဘယ်အတ္တသို့ ရောက်နိုင်ကုန်လိမ့်မည်နည်း”ဟု တဏှာကြီးစိုးနေသောစိတ်ဖြင့် ဘုရားမြတ်စွာ သာသနာကို ကျော်လွန်သင့် သည်”ဟု မှတ်ထင်သောအကြောင်းရှိပေ၏။

ရဟန်းတို့ ... ထိုထိုအရာ ထိုထိုတရားတို့၌ တဖန်မေးမြန်းခြင်းဖြင့် သင်တို့ကို ဆုံးမခဲ့ကုန်၏။

-ရဟန်းတို့ ... ရုပ်သည် မြဲသလော? မမြဲသလော?

-မမြဲပါ မြတ်စွာဘုရား။ အစရှိသည်ဖြင့် အနတ္တလက္ခဏသုတ်ဒေသနာတော် နည်းဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်အောင် အသီးအသီး ခန္ဓာတစ်ပါး စီဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသောသုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။ ထိုပြဿနာမေးလျှောက်သော ရဟန်းတော်သည် ရဟန်းငါးရာတို့၏ ဆရာဖြစ်ပုံ၊ ဤဒေသနာတော်၏အဆုံး၌ ရဟန်းတော်ငါးရာတို့ အာသဝေါကင်းကွာ ရဟန္တာများ ဖြစ်သွားကြသည်ဟု ပြဆိုထားပါသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. -သံ၊၂၊၈၂-၅။ သံ၊မြန်၊၂၊၇၈-၈၁။ သံ၊ဋ္ဌ၊၂၊၈၂-၃။ သံ၊ဋီ၊၂၊၂၄၂။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၈၃-ခဇ္ဇနိယဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ