ဂရိဒဏ္ဍာရီ |
---|
 |
နတ်ဘုရားများ |
---|
|
သူရဲကောင်းနှင့် သူရသတ္တိ (ဆောင်ရွက်ချက်) |
---|
|
ဆက်နွယ်မှုများ |
---|
- ဆားတာများ
- စန်းတောများ
- ဂရိဒဏ္ဍာရီလာ နဂါးများ
|
|
Joseph Echteler နှင့် Richard Brend’amour တို့၏ "Pirithous' Kampf um Helena" (ပိုင်ရစ်သိုးယပ်စ်သည် ဟဲလင်ကို ကျားသစ်နက်ရန်မှ ကာကွယ်ခြင်း) ပန်ချီလက်ရာ
ပိုင်ရစ်သိုးယပ်စ် (သို့) ပိရစ်သိုးယပ်စ် (အင်္ဂလိပ်: Pirithous; ဂရိ: Πειρίθοος or ရှေးဟောင်းဂရိ: Πειρίθους, /ပီရိသောရှ်/) သည် ဂရိဒဏ္ဍာရီတွင် သက်စာလီဒေသကြီးမှ လာရစ်ဆာမြို့၏ လားပစ်သ်နွယ် (Lapiths) ဘုရင်တစ်ဦးဖြစ်ကာ သူရဲကောင်း သီးဆီးယပ်စ်၏ အခင်မင်ဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။
ပိုင်ရစ်သိုးယပ်စ်သည် ဒိုင်ယာ (Dia) ၏ သားဖြစ်ကာ ဖခင်မှာ လစ်ပစ်သ်ဘုရင် အစ်ခ်ဆိုင်းယန် ဖြစ်နိုင်သလို[၁][၂][၃] ဇုစ်လည်း ဖြစ်နိုင်သည်။[၄][၅] ပိုင်ရစ်သည် အေးထရက်စ် (Atrax) (သို့) ဗြူးတီးဇ် ၏ သမီး ဟစ်ပိုဒါမိုင်ဟယာကို လက်ထပ်ခဲ့သည်။ ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲတွင် လစ်ပစ်သ်များနှင့် စန်းတော်များ၏ နာမည်ကြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်း၏ ဇနီးသည်ဖြင့် ထရိုဂျန်စစ်ပွဲ၏ သူရဲကောင်းတစ်ဦးဖြစ်သော ပေါ်လီပီးတီးဇ် ကို ဖွားမြင်ခဲ့သည်။[၆]