မစ်နာတော

ဝီကီပီးဒီးယား မှ
မစ်နာတော
မစ်နာတော ကိုယ်တစ်ပိုင်းပုံ (အေသင်မြို့ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်)
အုပ်စုဂရိဒဏ္ဍာရီလာ သတ္တဝါများ
ဒေသခရီးတီး

ဂရိဒဏ္ဍာရီတွင် မစ်နာတော (သို့) မိနောတာ (ရှေးဟောင်းဂရိ: Μινώταυρος (မီးနောတာရော့ရှ်); လက်တင်: Minotaurus (မီးနောတောင်းရပ်စ်); အင်္ဂလိပ်: Minotaur) သည် ဂန္ထဝင်ခေတ်ကာလများတွင် နွားသိုး၏ ဦးခေါင်းနှင့် အမြီး၊ လူခန္ဓာကိုယ် ဖြင့် သရုပ်ဖော်ရေးဆွဲကြသည့် ဒဏ္ဍာရီလာ သတ္တဝါဖြစ်သည်။[၁] သို့မဟုတ်ပါကလည်း ရောမ ကဗျာဆရာ အောဗစ်က လူတစ်ပိုင်း၊ နွားသိုးတစ်ပိုင်းဟု ဖော်ပြသည်။[၂] ၎င်းသည် အလွန်တရာရှုပ်ထွေးသော လားဘရင့်သ် ခေါ် ဝင်္ကပါ၏ အလယ်တွင်နေထိုင်ကျက်စားသည်။[၃] ထိုဝင်္ကပါကို ဗိသုကာဆရာ ဒက်ဒါလပ်စ်နှင့် သားဖြစ်သူ အစ်ကာလပ်စ်တို့က ခရီးတီးဘုရင် မိုင်းနော့စ်အမိန်ဖြင့် တီထွင်ခဲ့ကြသည်။ မစ်နာတောကို နောက်ဆုံး၌ အေသင်သူရဲကောင်း သီးဆီးယပ်စ်က သုတ်သင်နိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Kern၊ Hermann (2000)။ Through the Labyrinth။ Munich, London, New York: Prestel။ p. 34ISBN 3791321447
  2. semibovemque virum semivirumque bovem, according to Ovid, Ars Amatoria 2.24, one of the three lines that his friends would have deleted from his work, and one of the three that he, selecting independently, would preserve at all cost, in the apocryphal anecdote told by Albinovanus Pedo. (noted by J. S. Rusten, "Ovid, Empedocles and the Minotaur" The American Journal of Philology 103.3 (Autumn 1982, pp. 332-333) p. 332.
  3. In a counter-intuitive cultural development going back at least to Cretan coins of the 4th century BC, many visual patterns representing the Labyrinth do not have dead ends like a maze; instead, a single path winds to the center. See Kern, Through the Labyrinth, Prestel, 2000, Chapter 1, and Doob, The Idea of the Labyrinth, Cornell University Press, 1990, Chapter 2.