အိုလံပတ်တောင်နတ်ဘုရား ၁၂ ပါး

ဝီကီပီးဒီးယား မှ
ဟဲလင်နစ်စတစ်ခေတ် ကျောက်သားဖောင်းကြွထွင်းထုထားခြင်း အပိုင်းအစ (ဘီစီ ၁ ရာစု – အေဒီ ၁ ရာစု)။ အိုလံပတ်တောင်နတ်ဘုရား ၁၂ ပါးသည် ၎င်းတို့၏ မူလအရည်အသွေးများကို ကိုင်ဆောင်ထားခြင်းအား အတန်းလိုက် ဖော်ကျူးထားခြင်းဖြစ်သည်။ ဘယ်မှ ညာသို့ : ဟက်စ်တီယာ (တောင်ဝှေး)၊ ဟားမီးဇ် (တောင်ပံပါသော ဦးထုပ်နှင့် ကျိုင်း)၊ အဲဖရာဒိုက်တီ (ဇာပဝါခြုံ)၊ အဲရီးဇ် (ဦးထုပ်နှင့် လှံ)၊ ဒစ်မီးတာ (တောင်ဝှေး နှင့် ဂျုံသီးနှံ)၊ ဟစ်ဖီးစတပ်စ် (ကျိုင်း)၊ ဟဲရာ (တောင်ဝှေး)၊ ပိုဆိုက်ဒန် (သုံးခွခရင်း)၊ အသီးနာ (ဇီးကွက်နှင့် ဦးထုပ်)၊ ဇုစ် (မိုးကြိုးသွားနှင့် ကျိုင်း)၊ အားတစ်မစ် (ဒူးလေးနှင့် ကျည်တောက်)၊ အပေါလို (ဗျပ်စောင်း)။ ဝေါလ်တာဇ် အနုပညာပြတိုက်မှ ဖြစ်သည်။[၁]

ရှေးခေတ် ဂရိဘာသာတရားနှင့် ဂရိဒဏ္ဍာရီ တွင် အိုလံပတ်တောင် နတ်ဘုရား (၁၂)ပါး ဆိုသည်မှာ ဂရိတို့ ကိုးကွယ်သော အဓိကနတ်ဘုရားအစုတစ်ခုဖြစ်သည်။ ယင်း (၁၂) ပါး၌ ဇုစ်ဟဲရာပိုဆိုက်ဒန်ဒစ်မီးတာအသီးနာအပေါလိုအားတစ်မစ်အဲရီးဇ်ဟစ်ဖီးစတပ်စ်အဲဖရာဒိုက်တီဟားမီးဇ် နှင့် ဟက်စ်တီယာ (သို့) ဒိုင်ယာနိုက်ဆပ်စ် တို့ပါဝင်ကြသည်ဟု အများအားဖြင့် သတ်မှတ်ယူဆကြသည်။[၂] အင်္ဂလိပ်စကားလုံး Olympians (အလင်းပီယန် - အိုလံပတ်တောင် နတ်ဘုရားများ) ဟုခေါ်ခြင်းမှာ ထိုနတ်များသည် အိုလံပတ်တောင် တွင် နေထိုင်ကြသောကြောင့်ဖြစ်သည်။

ဟေးဒီးစ်သည် ရှေးဂရိတို့၏ အဓိကနတ်ဘုရားနှင့် အိုလံပတ်တောင်၏ ပထမမျိုးဆက် ညီအကိုမောင်နှမ (ဇုစ်၊ ပိုဆိုက်ဒန်၊ ဟဲရာ၊ ဒစ်မီးတာ၊ ဟက်စ်တီယာ) ဖြစ်သော်လည်း ၎င်း၏ အုပ်စိုးသော နယ်မြေမှာ အိုလံပတ်တောင်နှင့် ကွာဝေးသော မြေအောက်ကမ္ဘာဖြစ်သည်။ သို့ဖြစ်၍ ပုံမှန်အားဖြင့် ၎င်းကို အိုလံပတ်တောင် နတ်ဘုရား (၁၂) ပါးတွင် ထည့်သွင်းသတ်မှတ်ခြင်းမရှိပေ။

ဤ (၁၂) ပါးအပြင် အခြားများစွာသော ကိုးကွယ်ယုံကြည်မှုဆိုင်ရာ (၁၂) ပါး နတ်အုပ်စုများရှိခဲ့ကြသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Walters Art Museum, accession number 23.40.
  2. Hansen, p. 250; Burkert, pp. 125 ff.; Dowden, p. 43; Chadwick, p. 85; Müller, pp. 419 ff.; Pache, pp. 308 ff.; Thomas, p. 12; Shapiro, p. 362; Long, pp. 140–141; Morford, p. 113; Hard p. 80.