နင့်ဖ်

ဝီကီပီးဒီးယား မှ
Nymph
နင့်ဖ်
ဟိလပ်စ်နှင့် နင့်ဖ်၊ ၁၈၉၆၊ ဂျွန် ဝီလျံ ဝေါတားဟောက်စ်၏ ပုံ၊ (ဟိလပ်စ်ကို မြစ်စောင့်နင့်ဖ်များက ဖြားယောင်းသွေးဆောင်နေစဉ်)
အုပ်စုဒဏ္ဍာရီလာ
အုပ်စုခွဲသဘာဝတရားစောင့်နတ်
နိုင်ငံဂရိ

နင့်ဖ် (အင်္ဂလိပ်: nymph; ဂရိ: νύμφη, nýmphē; ရှေးဟောင်းဂရိ: [nýmpʰɛː], ခေတ်သစ်ဂရိ: [nímfi]) ဆိုသည်မှာ ရှေးဟောင်းဂရိပုံပြင်များ၌ပါဝင်သော သဘာဝတရားနှင့်ပတ်သက်သည့် နတ်သမီးအငယ်စားတစ်မျိုးဖြစ်သည်။ ပုံမှန်ဂရိနတ်ဘုရားမ/နတ်သမီးများနှင့်မတူဘဲ နင့်ဖ်များကို ယေဘုယျအနေဖြင့် သဘာဝတရားအား ပုဂ္ဂိုလ်ခိုင်းနှိုင်းတင်စားမှုအဖြစ် ရှုမြင်ယူဆကြကာ နေရာတစ်ခုခု (သို့) မြေပြင်ပေါ်ရှိ မြေအနေအထားပုံစံတစ်ခုခုကို နှင့်ဆက်စပ်ဖော်ပြကြပြီး အများအားဖြင့် လှပသောမိန်းမပျိုများအဖြစ် ဖော်ကျူးတင်ဆက်ကြသည်။ မသေမျိုးမဟုတ်ကြသော်လည်း လုသားများထက် ရှည်လျှားသော ဘဝသက်တမ်းရှိကြသည်။[၁]

နင့်ဖ်များကို အုပ်စုငယ်အမျိုးမျိုး ခွဲကြလေ့ရှိကြရာ သစ်ပင်စောင့်နတ် (မီးလီယီး - Meliae) ၊ မြစ်ချောင်းစောင့်နတ် (နိုင်းယာ့ဒ်ဇ်/နေးယာ့ဒ်ဇ် - Naiads) ၊ ပင်လယ်စောင့်နတ် (နီယာရီးယစ်ဒ်ဇ် - Nereids) နှင့် တောင်စောင့်နတ် ( အောရီယာ့ဒ် - Oreads) စသည့် နတ်သမီးအုပ်စုများ ပါဝင်သည်။[၂]

နင့်ဖ်နတ်သမီးငယ်များကို ဇာတ်လမ်း၊ ဒဏ္ဍာရီ၊ စာပေ၊ အနုပညာလက်ရာပစ္စည်းများတွင် ဖော်ကျူးလေ့ရှိကြကာ အလယ်ခေတ် (medieval) ကာလများမှစ၍ ယခုအထိ နင့်ဖ်များသည် ရံခါတွင် ဖယ်ရီခေါ် နတ်သမီးများနှင့်လည်း နှီးနွှယ်မှုရှိခဲ့ကြကာ ရောထွေးမှုများပင် ဖြစ်ပေါ်လေ့ရှိခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Genealogical Guide to Greek Mythology: Nymphs။ Astrom Editions (1997)။ 25 May 2019 တွင် ပြန်စစ်ပြီး။
  2. Grimal, p. 313, s.v. Nymphs.