အားဂန်နော့စ်

ဝီကီပီးဒီးယား မှ
အားဂန်နော့စ် သူရဲကောင်းများစုဝေးခြင်း၊ အဲတစ်(အေသင်) အနီရောင်ရုပ်များပါသည့် အိုး (ဝိုင်ပြုလုပ်ရာ၌ အသုံးပြုသည့်အိုး)၊ ဘီစီ ၄၆၀-၄၅၀, လိုဗာပြတိုက် (G 341)။

အားဂန်နော့စ် (သို့) အာဂွန်နော့တေး (အင်္ဂလိပ်: Argonauts; Ἀργοναῦται, Argonautai, 'အားဂို သင်္ဘောသားများ') သည် ဂရိဒဏ္ဍာရီလာ သူရဲကောင်း အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဘီစီ ၁၃၀၀ ခန့်က ထရိုဂျန်စစ်ပွဲမတိုင်မီခေတ်တွင်[၁] ဂျေးဆန်ကို ကောလ်ကစ်ဒေသ (Colchis) သို့ ရွှေရောင်သိုးမွှေးရှာဖွေ ရယူရန် အဖော်ပြုလိုက်ပါခဲ့သော သူရဲကောင်းအဖွဲ့ကို ခေါ်ဆိုသည်။ ၎င်းတို့၏ အမည်မှာ သင်္ဘော 'အားဂို' (Argo) ကို အစွဲပြု၍ခေါ်ဆိုကာ ယင်းသင်္ဘောကို အားဂါ့စ် (Argus) က ဆောက်လုပ်ခဲ့သည်။ ရံခါ၌ ယင်းအဖွဲ့၏ သူရဲကောင်းများကို Minyans ဟူ၍ ထိုဒေသတွင် သမိုင်းမတင်မီခေတ်က မျိုးနွယ်စုတစ်ခုကို အစွဲပြု၍လည်း ခေါ်ဆိုကြသည်။

ကိုးကား[ပြင်ဆင်ရန်]