ဘာလဲ့ရာဖန်

ဝီကီပီးဒီးယား မှ
အဲတစ် (အေသင်) မှ အနီရောင်ရုပ်ပုံများဖြင့် အိုးတစ်ခု၌ရေးဆွဲထားသော ဘာလဲ့ရာဖန်သည် ပက်ဂါဆပ်စ်ပေါ်မှနေ၍ လှံဖြင့် ခစ်မိယားရာ ကို ထိုးသတ်စဉ်။ ၄၂၅-၄၂၀ ဘီစီ

ဘာလဲ့ရာဖန် (ရှေးဂရိ : Βελλεροφῶν (ဗယ်လယ်လိုဖွန်) ; အင်္ဂလိပ်: Bellerophon) သည် ဂရိဒဏ္ဍာရီမီ သူရဲကောင်းတစ်ဦးဖြစ်သည်။ ဟဲရာကလီးဇ်ခေတ်မတိုင်မီ ပါးဆီးယပ်စ်ကဒ်မက်စ် တို့နှင့်အတူ အကြီးကျယ်ဆုံး သူရဲကောင်းတစ်ဦးနှင့် မိစ္ဆာများသုတ်သင်သူ တစ်ဦးဖြစ်သည်။[၁] ခစ်မိယားရာကို သုတ်သင်ခြင်းသည် ၎င်း၏ အကြီးမားဆုံး စွမ်းဆောင်ချက်ဖြစ်၏ ။ ဟိုးမားက ထိုသတ္တဝါကို ခြင်္သေ့ဦးခေါင်း၊ ဆိတ်ခန္ဓာကိုယ်၊ မြွေနဂါးအမြီးရှိကာ မီလျှံများကို ဆိုးဆိုးရွားရွားမှုတ်ထုတ်သည်ဟု ဖော်ပြခဲ့သည်။[၂] ဘာလဲ့ရာဖန်သည် အသီးနာ၏ အဆောင် မြင်းဇက်ကြိုးတန်ဆာ အကူအညီဖြင့် ပက်ဂါဆပ်စ်ကို ဖမ်းဆီးနိုင်ခဲ့လေသည်။ သို့သော်ငြားလည်း ပက်ဂါဆပ်စ်ကို စီးနင်း၍ အိုလံပတ်တောင်ကို တက်ရောက်ရန် ကြိုးပမ်းခဲ့သဖြင့် နတ်ဘုရားတို့၏ နှစ်သက်သဘောကျခြင်းကို မရရှိခဲ့ပေ။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Kerenyi 1959, p. 75.
  2. Iliad vi.155–203.
  3. Roman၊ Luke; Roman၊ Monica (2010)။ Encyclopedia of Greek and Roman Mythology (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Infobase Publishing။ p. 103။ ISBN 978-1-4381-2639-5