အစ်နီးယစ်

ဝီကီပီးဒီးယား မှ
Aeneid 
ရေးသူ: ဗားဂျစ်လ်
လက်ရေးမူ၊ ၁၄၇၀ ဝန်းကျင်ခန့် (Cristoforo Majorana၏ ပန်းချီလက်ရာပါဝင်)
မူလခေါင်းစဉ်AENEIS
ဘာသာပြန်သူJohn Dryden
[[:en:Gavin Douglas]|Gavin Douglas]]
Henry Howard, Earl of Surrey
Seamus Heaney
Allen Mandelbaum
Robert Fitzgerald
Robert Fagles
Frederick Ahl
Sarah Ruden
ရေးသားသည့်နှစ်ဘီစီ ၂၉-၁၉
နိုင်ငံရောမသမ္မတနိုင်ငံ
ဘာသာစကားဂန္ထဝင်လက်တင်
အကြောင်းအရာဖြစ်ရပ်တွဲ ကဗျာရှည်၊ ထရိုဂျန်စစ်ပွဲ၊ ရောမမြို့တည်ထောင်ခြင်း
အမျိုးအစားကဗျာရှည်
မတြာDactylic hexameter
ထုတ်ဝေသည့် ရက်စွဲဘီစီ ၁၉
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း၁၆၉၇
ထုတ်ဝေသည့် ပုံစံလက်ရေးမူ
စာကြောင်း၉,၈၉၆
ယခင် စာအုပ်Georgics
အွန်လိုင်းတွင် ဖတ်ရှုရန်ဝီကီရင်းမြစ်ရှိ "Aeneid"
အစ်နီးယပ်စ်သည် ထရွိုင်မီးလောင်တစပြင်မှ ထွက်ပြေးခြင်း၊ ဖက်ဒရစ်ကို ဘာရော့ချီ (၁၅၉၈) ၊ Galleria Borghese အနုပညာပြခန်း၊ ရောမမြို့၊ အီတလီ။
အစ်နီးယပ်စ်၏ ခရီးစဉ်ပြ မြေပုံ

အစ်နီးယစ်ဒ် (အင်္ဂလိပ်: Aeneid; လက်တင်: Aeneis) သည် လက်တင် ကဗျာရှည်တစ်ပုဒ်ဖြစ်၍ ဗားဂျစ်လ်မှ ဘီစီ ၂၉ နှင့် ၁၉ ရာစုကြားက ရေးသားခဲ့သည်။[၁] ဤကဗျာသည် အီတလီသို့ ခရီးသွားခဲ့သော ထရိုဂျန်သား အစ်နီးယပ်စ်အကြောင်း ရာဇဝင်ဇာတ်လမ်းကို ပြောပြသည့် ကဗျာဖြစ်၏။ ဤသို့ဖြင့် အစ်နီးယပ်စ်သည် ရောမသားတို့၏ ဘိုးဘေးတစ်ဦးဖြစ်လာခဲ့သည်။ ကဗျာတွင် စာကြောင်းရေ ၉,၈၉၆ ပါဝင်၍ Dactylic hexameter မတြာချိုး ကဗျာဖြစ်၏။[၂] ကဗျာတွင် စုစုပေါင်း စာအုပ် (၁၂) အုပ်ရှိ၍ ပထမခြောက်ပုဒ်မှာ အစ်နီးယပ်စ်၏ ထရွိုင်မှသည် အီတလီသို့ ခြေဦးတည့်ရာ သွားလာခြင်း အကြောင်းကို ဖော်ပြထား၍ ဒုတိယခြောက်အုပ်မှာ ထရိုဂျန်သားတို့သည် လက်တင်များအပေါ် အဆုံးသတ်အောင်ပွဲဆင်နိုင်ခဲ့ခြင်းကို ဖော်ပြထားကာ အစ်နီးယပ်စ်နှင့် ထရိုဂျန်သားနောက်လိုက်နောက်ပါတို့သည် လက်တင်ဆိုသော အမည်အောက်၌ ပါဝင်သွားရန် ကံကြမ္မာဖန်လာခဲ့ပေသည်။

အစ်နီးယပ်စ်သည် "အိလိယဒ်" ကဗျာတွင် ဇာတ်ကောင်အဖြစ်ပါဝင်ထားကာ ၎င်းကို ဂရိ-ရောမ ရာဇဝင်၊ ဒဏ္ဍာရီအဖြစ်လည်း သိရှိခဲ့သည်။ ဗားဂျစ်လ်သည် အဆက်စပ်မရှိသော အစ်နီးယပ်စ်၏ ခြေဦးတည့်ရာသွားလာခြင်းများ၊ ရောမမြို့တည်ထောင်ခြင်းအကြောင်း ဝိုးတဝါးဆက်စပ်မှုများကို ယူငင်သည်။ အစ်နီးယပ်စ်ကို တိကျသောကိုယ်ပိုင်လက္ခဏာဖြင့် ပုံသေသတ်မှတ်မထားဘဲ ရိုးဖြောင့်မှန်ကန်သော နိုင်ငံအတွက် ကျေပွန်သော ပုဂ္ဂိုလ်ဟူ၍ ဖော်ပြသည်။ ၎င်းရေးသော အစ်နီးယစ်ကဗျာကိုလည်း နိုင်ငံ/မြို့ တည်ထောင်ခြင်းဒဏ္ဍာရီ (သို့) အမျိုးသားရေးဆိုင်ရာ ကဗျာလင်္ကာရှည် အဖြစ် စိတ်ဝင်စားအောင်ရေးဖွဲ့ခဲ့သည်။ ထိုသို့ အမျိုးသားလက္ခဏာပါသော ကဗျာသည် ရောမမြို့ကို ထရွိုင်မြို့၏ ရာဇဝင်ဇာတ်လမ်းနှင့် ဆက်စပ်ပေးကာ ပျူးနစ်စစ်ပွဲများအကြောင်းကို ရှင်းလင်းပြသပေးကာ ရောမ၏ ပထမဆုံးနန်းဆက် "ဂျူလီယို-ကလောဒီယန်" မင်းဆက်ကို ရောမနှင့် ထရွိုင်တို့မှ နတ်ဘုရားများ၊ သူရဲကောင်းများ၊ မြို့တည်နန်းတည်သူများ၏ သားမြေမြစ်များအဖြစ် တရားဝင်ဖြစ်သွားစေသည်။

အစ်နီးယစ်ကဗျာကို ကဗျာဆရာ ဗားဂျစ်လ်၏ ကဝေကဝိလက်ရာအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုကြလေသည်။[၃][၄] လက်တင်စာပေ၏ အကောင်းဆုံးလက်ရာများထဲက တစ်ခုအဖြစ်လည်း လက်ခံကြသည်။[၅][၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Magill၊ Frank N. (2003)။ The Ancient World: Dictionary of World Biography, Volume 1Routledge။ p. 226။ ISBN 1135457409
  2. Gaskell၊ Philip (1999)။ Landmarks in Classical Literature။ Chicago: Fitzroy Dearborn။ p. 161။ ISBN 1-57958-192-7
  3. "History of Latin Literature"HistoryWorld။ 15 February 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး5 December 2016 တွင် ပြန်စစ်ပြီး
  4. Aloy၊ Daniel။ "New translation of 'Aeneid' restores Virgil's wordplay and original meter"၊ 22 May 2008။ 5 December 2016 တွင် ပြန်စစ်ပြီး 
  5. Damen၊ Mark (2004)။ Chapter 11: Vergil and The Aeneid။ 5 December 2016 တွင် ပြန်စစ်ပြီး။
  6. Gill၊ N. S.။ Why Read the Aeneid in Latin?။ About.com။ 24 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 December 2016 တွင် ပြန်စစ်ပြီး။