ပါးဆီးယပ်စ်
| ပေရ်သျှုပ်စ် | |
|---|---|
ဘန်ဗေနူးတို ချေးလီနီ၏ လက်ရာ၊ မေးဒူစာ၏ ခေါင်းနှင့် ပေရ်သျှုပ် (၁၅၅၄) | |
| ဘုံဗိမာန် | အရ်ဂို့စ် |
| သင်္ကေတ | ဘီလူးမ ခေါင်း |
| ကိုယ်ရေး အချက်အလက် | |
| မိဘများ | ဇုစ် နှင့် ဒါနားအယ် |
| မွေးချင်း | ဤသို့ အစရှိကုန်သော ဇုစ် နတ်မင်း၏ သားသမီးအပေါင်း။ အာဖရိုဒီးတာ၊ အပေါလို၊ အားရဲ့စ်၊ အာတေမိ၊ အာထယ်န၊ ဒီဝိုးနွီစိုစ်၊ အစ်လစ်သိုင်းယာ၊ အင်နိုင်းယို၊ အဲရစ်၊ အားဆာ၊ ဟီးဘီး၊ ဟဲလေ့နာ၊ ဟဲဖိုက်စ်တို့စ်၊ ဟဲရာကလဲ့စ်၊ ဟေရ်မဲ့စ်၊ မီနော့စ်၊ ပန်ဒိုင်းယာ၊ ပေရ်စေဖိုးနယ်၊ အခြား ဥပဒေဝ၊ စူဠဒေဝ နတ်သားနတ်သမီးများ။ |
| ကြင်ရာတော် | အန္ဒြိုမေးဒါ |
| ကလေး | ပါးဆစ်ဇ်၊ ဟဲလီယော့စ်၊ အဲလ်ဆီးယပ်စ်၊ စသန်နာလဲ့စ်၊ အစ်လက်ထရီယန်၊ မက်စ်တာ၊ ကင့်နိုရပ်စ်၊ ဂေါ်ဂိုဖန်နီ၊ အာတို့ခ်ခီ |
ဂရိဒဏ္ဍာရီတွင် ပေရ်သျှုပ်စ် (ဝါ) ပေရ်စ္ယုပ်[မှတ်စု ၁](ရှေးဟောင်းဂရိ: Περσεύς သံပြန် /ပေရ်စေး'ဝ်စ်/,မြန်မာ အသံထွက်: [pèɹəʃoʊʔ(s), pèɹəsəjoʊʔ]) သို့မဟုတ် ပါးစီးယတ်စ် (ဝါ) ဖားစ္ယု'စ် (အင်္ဂလိပ်: Perseus, /ˈpɜːrsiəs, -sjuːs/; ဂရိ: Περσεύς) သည် မွီကဲနဲပြည်နှင့် ပေရ်စိဒ် (Perseid) မင်းဆက်ကို တည်ထောင်သူဖြစ်သည်။ ဟဲရာကလဲ့စ် မတိုင်မီ ခေတ်ကာလတွင် ကားဒမိုစ် နှင့် ဗလ္လေရိုဖော့န် တို့နှင့်အတူ အကြီးကျယ်ဆုံး ဂရိသူရဲကောင်းများတွင်ပါဝင်၍ မိစ္ဆာကောင်များကို သုတ်သင်သူလည်း ဖြစ်၏ ။[၁] ဂေါ်ဂွန်ဘီလူးမ မေးဒူစာကို စေးရီဖို့စ်ကျွန်းရှင် ပိုလွီဒေးက်တဲစ် (Πολυδέκτης) အတွက် သုတ်သင်ခေါင်းဖြတ်ခဲ့ကာ ပင်လယ်မကန်းကြီး ကဲ့တိုစ် (κῆτος) ၏ အန္တရာယ်မှ အန်ဒြိုမေးဒါ မင်းသမီး (Ᾰ̓νδρομέδᾱ)ကို ကယ်ဆယ်ခဲ့သည်။ ဇုစ်နတ်မင်းနှင့် လူသားမင်းသမီး ဒါနားအယ် (Δᾰνάη)တို့၏ သားဖြစ်ပြီး ဟဲရာကလဲ့စ်၏ ဘိုးဘေးနှင့် ညီအစ်ကို (ဖအေတူ အမေကွဲ) တော်စပ်သူတစ်ဦးဖြစ်သည်။

ကိုးကား
[ပြင်ဆင်ရန်]- ↑ Kerenyi, Karl, 1959. The Heroes of the Greeks (London: Thames and Hudson) p. 75.
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ↑ /ပေရရှုပ်(စ်)/, /ပေရစယုပ်(စ်)/ ဟုဖတ်ပါ။
<ref> tags exist for a group named "မှတ်စု", but no corresponding <references group="မှတ်စု"/> tag was found.