ပိဏ္ဍောလဘာရဒွါဇသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့တော် ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်-အရှင်ပိဏ္ဍောလဘာရဒွါဇထေရ်၏ “ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္ထာယ”ဟု အညဗျာကရဏကို ပြောကြားမှုနှင့်ဆက်စပ်၍ ရဟန်းတို့၏ လျှောက်ထားမှုကို “သတိ, သမာဓိ, ပညာ ဣန္ဒြေ သုံးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးဖြစ်သောကြောင့် ဤသို့ပြောကြားပုံ, ထိုဣန္ဒြေသုံးပါးတို့သည် ဇာတိ, ဇရာ, မရဏကို ကုန်စေခြင်း အဆုံး၌ဖြစ်ကုန်၏။ ထိုသို့သိမြင်ကြသောကြောင့် ပိဏ္ဍောလဘာရဒွါဇ ဤစကားကို ပြောကြားပေ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၉၆-၇။ သံ၊မြန်၊၃၊၂၀၂-၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၅-ဇရာဝဂ္ဂ၊ နဝမသုတ်၊
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ