ပါသာဏသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင် ညဥ့်မှောင်မိုက်ချိန် လွင်တီးခေါင်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်အား ကြောက်လန့်စေရန် ဘုရားရှင်၏ အနီးအနား၌ ကျောက်တုံးကြီးများကို လှိမ့်ချလိုက်သောမာရ်နတ်အား “ဂိဇ္ဈကုဋ်တောင် တစ်ခုလုံးကို အကယ်၍ လှုပ်စေဦးတော့ ကိလေသာတို့မှ ကောင်းစွာလွတ်ပြီးသော ဘုရားရှင်တို့အား တုန်လှုပ်ခြင်းမရှိတော့”ဟု မိန့်တော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၁၀-၁။ သံ၊မြန်၊၁၊၁၁၃-၄၊ သံ၊ဋ္ဌ၊၁၊၁၆၁။ သံ၊ဋီ၊၁၊၂၀၉။ -သံယုတ္တနိကာယ သဂါထာဝဂ္ဂသံယုတ္တ၊ ၄-မာရသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ