ပါရင်္ဂမသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် -

“ဗောဇ္ဈင် ၇-ပါးကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ကုန် သည်ရှိသော် သံသရာဝဋ်ဟူသော ဤမှာဖက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာ ဖက်ကမ်းသို့ ရောက်နိုင်ပေ၏”အစရှိသည်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

ဆက်လက်၍ ဂါထာ ငါးဂါထာကိုလည်း ဟောကြားတော်မူပါသည်။


[၂] မြတ်စွာဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မဂ္ဂင်ရှစ်ပါးကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် သံသရာဝဋ်တည်း ဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ရောက်ခြင်း ငှါဖြစ်နိုင်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

ဆက်လက်ပြီး ဂါထာ ၅-ဂါထာကိုလည်း ဟောကြားတော်မူပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၇၃-၄။ သံ၊မြန်၊၃၊၇၇-၈။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ သတ္တမသုတ်။
  2. -သံ၊၃၊၁၉။ သံ၊မြန်၊၃၊၂၁-၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ပဋိပတ္တိဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ