ပါဏသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် သတ္တဝါအားလုံးတို့ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ်လေးမျိုးကို မြေကြီးကိုမှီ၍ မြေကြီး၌တည်၍ ပြုကြကုန်သကဲ့သို့ ထို့အတူ ရဟန်းတော်သည် သီလကိုအမှီပြု၍ သီလ၌တည်၍ ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် ဗောဇ္ဈင် ခုနစ်ပါးကို ပွားများရမည်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုရမည်ဟု ဗောဇ္ဈင် တစ်ပါးစီ တစ်ပါးစီပွားများပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဇမ္ဗူဒိပ်၌ရှိသော မြက်၊ သစ်သား၊ သစ်ခက်၊ သစ်ရွက်တို့ကိုစုပုံ၍ တံစို့ပြုလုပ်ပြီးလျှင် မဟာသမုဒ္ဒရာ၌ ကြီးသောသတ္တဝါတို့ကို ကြီးသောတံစို့၊ အလတ်စားသတ္တဝါတို့ကို အလတ်စားတံစို့၊ အငယ်စားသတ္တဝါတို့ကို အငယ်စားတံစို့၌ ထိုးသီသော်လည်း ကြီးသောသတ္တဝါတို့ မကုန်နိုင်၊ ဤဇမ္ဗူဒိပ်၌ မြက်၊ သစ်သား၊ သစ်ခက်၊ သစ်ရွက်တို့သာကုန်နိုင်ရာ၏။ အတ္တဘော သေးငယ်သောကြောင့် တံစို့ဖြင့်သီ၍မရသော သေးငယ်သောသတ္တဝါတို့ များစွာရှိကုန်ရာ၏။ ဤအတူ အပါယ်သတ္တဝါတို့ များစွာရှိကုန်၏။

အပါယ်မှလွတ်ပြီးသော အရိယာမဂ်ဉာဏ်နှင့်ပြည့်စုံသော အရိယာပုဂ္ဂိုလ်သည် သစ္စာလေးတန်ကို အမှန်အတိုင်းသိပေ၏။ ထို့ကြောင့် သင်တို့သည် သစ္စာသိမြင် ကျွတ်တမ်းဝင်အောင် ကျင့်ကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၇၀။ သံ၊မြန်၊၃၊၇၄။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၂-ဂိလာနဝဂ္ဂ၊ ပထမသုတ်။
  2. -သံ၊၃၊၃၈၆။ သံ၊မြန်၊၃၊၃၉၂-၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၄-သီသပါနဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ