မာတိကာသို့ ခုန်သွားရန်

ပရိယာယသုတ်

ဝီကီပီးဒီးယား မှ

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံမဝင်မီ တိတ္ထိတို့၏ကျောင်းသို့ရောက်လာသော ရဟန်းတော်တို့အား တိတ္ထိတို့က “ပညာယ ဒုဗ္ဗလီကရဏ၊ စိတ္တဿ ဥပက္ကိလေသဖြစ်သော နီဝရဏတရားငါးပါးကိုပယ်စွန့်ရန် ဗောဇ္ဈင်ခုနစ်ပါးကို မှန်ကန်စွာ ပွားများရန် တပည့်တို့အား ဟောကြားပုံ၊ ရဟန်းဂေါတမနှင့်မိမိတို့ ဓမ္မဒေသနာ အနုသာသနီ ထူးခြားကွဲလွဲမှုမရှိ တူနေကြကြောင်း ပြောကြသည်ကို ရဟန်းတော်များ က မနှစ်သက်သော်လည်း မနှစ်သက် မတားမြစ်ကြပြီး ပြန်လာကြကာ အကြောင်းစုံကို ဘုရားရှင်အား လျှောက်ထားကြပါသည်။

ဘုရားရှင်က “နီဝရဏ ၁၀-ပါး၊ ဗောဇ္ဈင် ၁၄-ပါးရှိပုံကို မေးမြန်းလျှင်ဘုရားရှင်, ဘုရားရှင်၏တပည့် ဘုရားရှင်ထံမှ ကြားနားဖူးသည့်ပုဂ္ဂိုလ်မှတစ်ပါး ကျန်ပုဂ္ဂိုလ်တို့ ပြည့်ပြည့်စုံစုံ မဖြေနိုင်ပုံကို မိန့်ကြားတော်မူပြီး နီဝရဏတရား ၁၀-ပါး၊ ဗောဇ္ဈင် ၁၄-ပါးရှိပုံအကျယ်ကို ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် အကျယ်ဖွင့်ဆိုချက်များ ရှိပါသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. -သံ၊၃၊၉၅-၈။ သံ၊မြန်၊၃၊၁၀၀-၂။ သံ၊ဋ္ဌ၊၃၊၂၀၄-၆။ သံ၊ဋီ၊၂၊၄၄၃-၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၆-သောကစ္ဆာဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ