စိန်ဓူဝံ
ပုံပန်းသွင်ပြင်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
စိန်ဓူဝံ (၂၃ မတ် ၁၉၆၅ မွေးဖွား) သည် မြန်မာနိုင်ငံသား ဆိုင်းဆရာ ဖြစ်သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]ရုပ်သေး ဆိုင်းဆရာကြီး ဦးအေးဘို နှင့် ဒေါ်တင်မြ တို့မှ ၁၃၂၆ ခုနှစ် တပေါင်း လပြည့် ကျော် ၆ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားသော တစ်ဦးတည်းသော သားဖြစ်ပြီး အမည်ရင်းမှာ တင်မောင်ဦး ဖြစ်သည်။
ဆိုင်းဆရာဘဝ
[ပြင်ဆင်ရန်]အသက် ၁၇ နှစ်တွင် ဆိုင်းလောကသို့ စတင် ဝင်ရောက်သည်။ လက်ဦးဆရာမှာ ဖခင် ရုပ်သေးဆိုင်းဆရာကြီး စိန်အေးဘိုဖြစ်သည်။ မန္တလေး ပန်တျာ ဦးစိန်မောင်လွင်၊ စိန်ကျော်ဆင့်၊ စိန်မွတ္တား (တပ်ဆင့် အကယ်ဒမီ) စသည့် နာမည်ကျော်ဆိုင်းဆရာကြီးများ၏ တပည့် ဖြစ်သည်။
ဆု
[ပြင်ဆင်ရန်]မြန်မာ့ရိုးရာ အဆို အက အရေး အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပညာရှင်အဆင့် ဆိုင်းပြိုင်ပွဲ ဒုတိယ ငွေတံဆိပ် ရရှိခဲ့သည်။
အသင်းအဖွဲ့
[ပြင်ဆင်ရန်]စိန်ဓူဝံ ဆိုင်းအဖွဲ့ တည်ထောင်ထားသည်။ ပရဟိတရွှေလက် အဖွဲ့ ၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ကာ ပရဟိတပွဲများလည်း တီးခတ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ သမိုင်းထဲကမြန်မာ့ဆိုင်း - ဂီတကြယ်တံခွန် စိန်ဓူဝံ အပိုင်း(၁) by Channel K Myanmar https://www.youtube.com/watch?v=yO5MEjOUY4Q
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |