ပစာယိကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အမျိုးအနွယ်၌ (အသက်, သိက္ခာ, ဂုဏ်ဝါ) ကြီးမားသောပုဂ္ဂိုလ်တို့ကို အရိုအသေအလေးအမြတ်ပြု ပူဇော်သောသူတို့သည် လက်သည်းခွံပေါ်၌ရှိသော မြေမှုန့်ကဲ့သို့ နည်းပါးလှကုန်၏။ မပူဇော်သောသူတို့သည် မြေကြီးပေါ်ရှိ မြေမှုန့်တို့ ကဲ့သို့ များပြားလှကုန်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၄၀၆။ သံ၊မြန်၊၃၊၄၁၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ။ ၇-ပထမအာမက ဓညပေယျာလဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ