နောစမေသိယာသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ခန္ဓာရှိလျှင် ခန္ဓာကိုစွဲ၍ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် “နော စဿံ၊ နော စ မေ သိယာ, နာ ဘဝိဿ၊ န မေ ဘဝိဿတိ”ဟူသော မိစ္ဆာအယူဖြစ်ပုံ မိစ္ဆာအယူမဖြစ်ပုံကို ရှေးသုတ်များကဲ့သို့ ခန္ဓာတစ်ပါးစီ တစ်ပါးစီ ဝေဖန်၍ ဟောတော်မူပြီး အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းအတိုင်း အရဟတ္တဖိုလ် ဆိုက်ရောက်သည်အထိ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အထက်သုတ်များအတိုင်း ခန္ဓာကိုစွဲ၍ “နော စဿံ၊ နော စ မေ သိယာ၊ နာ ဘဝိဿ၊ န မေ ဘဝိဿတိ”ဟူသော မိစ္ဆာအယူဖြစ်ပုံ၊ မဖြစ်ပုံ၊ ဒိဋ္ဌ၊ သုတ၊ မုတ၊ ဝိညာတ၊ ပတ္တ၊ ပရိယေသိတ၊ မနသာအနုစရိတတို့၌ မိစ္ဆာအယူမဖြစ်တော့ပုံ၊ သောတာပန်ဂုဏ်ရည်တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၅၀။ သံ၊မြန်၊၂၊၁၄၁-၂။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ (၁၅) ၅-ဒိဋ္ဌိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -သံ၊၂၊၁၆၉။ သံ၊မြန်၊၂၊၁၆၀။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ။ ၃-ဒိဋ္ဌိသံယုတ္တ၊ ၁-သောတာပတ္တိဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ