နေဝဟောတိ နနဟောတိသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ခန္ဓာရှိလျှင် ခန္ဓာကိုစွဲ၍ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် “နေဝ ဟောတိ နနဟောတိ”ဟူသော မိစ္ဆာအယူဖြစ်ပုံ, ခန္ဓာတစ်ပါးစီ တစ်ပါးစီကို အနိစ္စ, ဒုက္ခ, ဝိပရိဏာမဓမ္မဟု သိမြင်လျှင်ခန္ဓာကို တဏှာဒိဋ္ဌိတို့ဖြင့် မစွဲယူတော့ခြင်းကြောင့် မိစ္ဆာအယူမဖြစ်တော့ပုံ, ဒုက္ခ ဖြစ်သောခန္ဓာ)ရှိလျှင် ဒုက္ခ (ဖြစ်သောခန္ဓာ)ကို စွဲ၍ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် ခန္ဓာတစ်ပါးစီ၌ မိစ္ဆာအယူဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၇၉။ သံ၊မြန်၊၂၊၁၇၀-၁။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၃-ဒိဋ္ဌိသံယုတ္တ၊ ၂-ဒုတိယဂမနဝဂ္ဂ၊ အဋ္ဌာရသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ