မာတိကာသို့ ခုန်သွားရန်

နိရုတ္တိပထသုတ်

ဝီကီပီးဒီးယား မှ

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်သုံးတော်မူစဉ် ပညာရှိ သမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်, မစွန့်အပ်သော ခန္ဓာငါးပါးနှင့် ဆက်စပ်နေသော “အဟောသိ” “ဘဝိဿတိ” “အတ္ထိ” ဟူသော သဒ္ဒါ, အမည်ပညတ်တို့ကို ရှေးကလည်း မစွန့်အပ်, ယခုလည်း စွန့်ဆဲမဟုတ်, နောင်လည်းစွန့်လတ္တံ့ မဟုတ်ပုံကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ ရှင်းလင်း၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဟေတုကဝါဒ, အကိရိယဝါဒ, နတ္ထိကဝါဒတို့ကို တီထွင်ခဲ့သော ဥက္ကလာ ဇနပုဒ်သား ဝဿနှင့် ဘညတို့လည်း ကဲ့ရဲ့ပုတ်ခတ်, ပြစ်တင်, စွပ်စွဲမည်ကို ကြောက်သောကြောင့် ကဲ့ရဲ့ဖွယ်, တားမြစ်ဖွယ်ဟု မထင်ခဲ့ပုံကိုလည်း ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. -သံ၊၂၊၅၉-၆၀။ သံ၊မြန်၊၂၊၅၇-၈။ သံ၊ဋ္ဌ၊၂၊၂၅၇-၈။ သံ၊ဋီ၊၂၊၂၂၇-၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁- ခန္ဓသံယုတ္တ၊ (၆) ၁-ပယဝဂ္ဂ။ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ