နိရယမနုဿနိရယာဒိသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] တေရသ, စုဒ္ဒသမ, ပန္နရသမသုတ်။
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ငရဲမှစုတေ၍
(က) လူဘုံ၌ဖြစ်သောပုဂ္ဂိုလ်၊
(ခ) တိရစ္ဆာန်ဘဝ၌ဖြစ်သောပုဂ္ဂိုလ်၊
(ဂ) ပြိတ္တာဘဝ၌ဖြစ်သောပုဂ္ဂိုလ်တို့သည် ငါဘုရား၏ လက်သည်းခွံပေါ်၌ ရှိသော မြေမှုံ့ပမာ အလွန်နည်းကုန်၏၊ ငရဲဘဝမှစုတေ၍ ငရဲဘဝ၌ပြန်၍ဖြစ်သော ပုဂ္ဂိုလ်တို့သည် မြေကြီးပေါ်၌တည်ရှိသော မြေမှုံ့များပမာ အလွန်များလှကုန်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -သံ၊၃၊၄၁၃။ သံ၊မြန်၊၃၊၄၂၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၁၁-ပဉ္စဂတိ ပေယျာလဝဂ္ဂ၊
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ