နဝကမ္မိကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ တောအုပ်တစ်ခုဝယ် အင်ကြင်းပင်ရင်း၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ သီတင်းသုံးတော်မူနေစဉ် ထိုတောအုပ်အတွင်း၌ လုပ်ငန်း လုပ်ကိုင်နေသော နဝကမ္မိကဘာရဒွါဇပုဏ္ဏား၏ မေးလျှောက်ချက်အရ “န မေ ဝနသ္မိံ” အစရှိသော ဂါထာဖြင့် တော၌ တစ်ပါးတည်း မွေ့လျော်စွာ နေတော်မူပုံကို ဟောတော်မူရာ နဝကမ္မိကဘာရဒွါဇပုဏ္ဏား ဥပါသကာအဖြစ်ခံယူပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဘာရဒွါဇပုဏ္ဏားအကြောင်းနှင့် မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၈၁-၂။ သံ၊မြန်၊၁၊၁၇ဝ။ သံ၊ဋ္ဌ၊၁၊၂၄၃။ သံ၊ဋီ၊၂၇၈-၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ။ ၇-ဗြာဟ္မဏသံယုတ္တ၊ ၂-ဥပါသကဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ