နန္ဒနသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တာဝတိံသာနတ်ပြည် နန္ဒဝန်ဥယျာဉ်သို့ ရောက်သစ်စ ပုထုဇဉ် နတ်သား၏ နန္ဒဝန်ဥယျာဉ်ကို ချီးကျူးပြောဆိုပုံဂါထာနှင့် အရိယနတ်သား၏ နတ်စည်းစိမ်နှင့်ပတ်သက်၍ အရိယာပုဂ္ဂိုလ်တို့၏ မိန့်ကြားချက်ဂါထာတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူပါသည်။

အဋ္ဌကထာ၌ နန္ဒဝန်ဥယျာဉ်အကြောင်း၊ နတ်တို့စုတေပုံ၊ နတ်ဘဝ၌ ဖြစ်လာပုံ အစရှိသည်တို့ကို ဖွင့်ဆိုထားပါသည်။

ဋီကာ၌လည်း ဖွင့်ဆိုချက်များစွာ ပါရှိပါသည်။


[၂] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “သီလရှိသူ၊ ပညာရှိသူ၊ ဆင်းရဲဒုက္ခကို လွန်မြောက်၍ နေနိုင်သူ၊ နတ်တို့သည် ပူဇော်အပ်သူ”တို့ကို နန္ဒနနတ်သားက မေးလျှောက်သဖြင့် ဘုရားရှင် ဖြေဆိုတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ သဗ္ဗညုတညာဏ်တော်မြတ်၏ အနာဝဋဖြစ်ပုံနှင့် တကွ သိသင့်သည်များကို ဖွင့်ပြတော်မူထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၅-၆။ သံ၊မြန်၊၁၊၅-၆။ သံ၊ဋ္ဌ၊၁၊၂၈-၉။ သံ၊ဋီ၊၇၃-၅။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၂-နန္ဒနဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၁၊၅၁။ သံ၊မြန်၊၁၊၅၀။ သံ၊ဋ္ဌ၊၁၊၁၀၂။ သံ၊ဋီ၊၁၊၁၅၁။ -သံယုတ္တနိကာယ၊ ၂-ဒေဝပုတ္တသံယုတ္တ၊ ၂-အနာထပိဏ္ဍိကဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ