နဇီရတိသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရနတ်သား၏ မေးလျှောက်ချက်အရ ဆွေးမြေ့သော အရာကား သတ္တဝါတို့၏ရုပ်၊ မဆွေးမြေ့သောအရာကား အမည်အနွယ်၊ လမ်းမှားကား စွဲမက်မှု “ရာဂ”၊ တရားတို့၏ဘေးရန်ကား လိုချင်မှု “လောဘ”၊ ညဉ့်နေ့တို့ကို ကုန်စေသော အရာကား အရွယ်၊ မြတ်သောအကျင့်၏ အညစ်အကြေးကား မိန်းမ၊ ရေမဟုတ်သော ဆေးကြောဖွယ်ဝတ္ထုကား ကိလေသာကို ပူပန်စေတတ်သောအကျင့်နှင့် မေထုန်မှ ရှောင်ကြဉ်ခြင်း ဗြဟ္မစရိယ၊ လောက၌ စီးပွားဥစ္စာ မတည်ကြောင်းအပေါက်တို့ကား ပျင်းရိခြင်း, မေ့လျော့ခြင်း, ထကြွလုံ့လမရှိခြင်း, မစောင့်စည်းခြင်း, အအိပ်ကြူးခြင်း, မပျော်မွေ့ခြင်းတို့ဖြစ်ပုံကို ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၁] [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -သံ၊၁၊၄၀။ သံ၊မြန်၊၁၊၃၉-၄၀။ သံ၊ဋ္ဌ၊၁၊၉၃-၄။ သံ၊ဋီ၊၁၊၁၃၈-၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၈-ဆေတွာဝဂ္ဂ၊ ဆဋ္ဌသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ