ဓီတုသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည့်အခါ အဝိဇ္ဇာဖြင့်ပိတ်ဖုံးအပ် တဏှာဖြင့် ဖွဲ့တုတ်ချည်နှောင်အပ်သည် ဖြစ်၍ အနမတဂ္ဂသံသရာ၌ ပြေးသွားလှည်လည် လာခဲ့ကြကုန်သော သင်တို့အား သမီး မတော်ခဲ့ဘူးသူကို မရနိုင်၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဆင်းရဲ ပြင်းထန်သောဆင်းရဲ ပျက်စီးခြင်းကို ခံစားခဲ့ရလှလေပြီး သင်္ချိုင်းမြေပုံသည် တိုးပွားခဲ့လှလေပြီ၊ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းငှါ၊ တပ်မက်မှု ကင်းခြင်းငှါ လွတ်မြောက်ခြင်းငှါ အားထုတ်သင့်လှတော့သည်သာတည်း ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၉၆။ သံ၊မြန်၊၁၊၃၈၃။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၄-အနမတဂ္ဂသံယုတ္တ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ