ဓာရဏသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁]

ငါဘုရားဟောကြားတော်မူအပ်သော အရိယသစ္စာလေးပါးကို ဆောင်ထားကြကုန်လော့ဟု ဘုရားရှင်က မိန့်တော်မူရာ အညတရ ရဟန်းက သစ္စာလေးပါးကို မိမိအစဉ်အတိုင်း ဆောင်ထားပုံကို လျှောက်သည့်အခါ ဘုရားရှင်က သာဓုခေါ်တော်မူပြီး သစ္စာသိအောင် အားထုတ်ကြရမည်ဟု သစ္စာတစ်ပါးစီ တစ်ပါးစီကို ရဟန်းတော်တို့အား ဟောတော်မူသည့်သုတ်။


[၂] ငါဘုရားဟောကြားတော်မူသည့် အရိယသစ္စာတရားတို့ကို ဆောင်ထားကြ ကုန်လောဟု ဘုရားရှင်က မိန့်ကြားတော်မူရာ အညတရ ရဟန်းက အခြားသော ပုဂ္ဂိုလ်များ ပြောဆိုသော သစ္စာတရားကို လက်မခံပဲ ဘုရားရှင် ဟောတော်မူသည့် အတိုင်း အရိယသစ္စာတို့ကို ဆောင်ထားပုံကို တစ်ပါးစီ တစ်ပါးစီ လျှောက်ထားသည့် အခါ ဘုရားရှင်က ဤအတိုင်းသာ ဆောင်ထားပြီး သစ္စာသိမြင်အောင် အားထုတ် ကြရမည်ဟု အကျယ်တဝင့် ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၃၅၄။ သံ၊မြန်၊၃၊၃၈၀-၁။ သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ပဉ္စမသုတ်။
  2. -သံ၊၃၊၃၇၅-၆။ သံ၊မြန်၊၃၊၃၈၁-၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ