ဓနုဂ္ဂဟသုတ်

ဝီကီပီးဒီးယား မှ

[၁] အလွန်လိမ္မာကျွမ်းကျင်သော လေးသမားတို့ အရပ်လေးမျက်နှာသို့ ပစ်လွှတ် အပ်သောအခါ မြှားတို့ကို မြေပြင်သို့မကျမီ ကောက်ယူနိုင်သော ယောက်ျား၏ လျင်မြန်ခြင်းထက် လ, နေတို့က လျင်မြန်ပုံ၊ လ-နေတို့ လျင်မြန်ချင်းထက် လ နေ တို့ရှေ့မှ ပြေးသွားကုန်သောနတ်တို့က လျင်မြန်ပုံ၊ ယင်းနတ်တို့ လျင်မြန်ခြင်းထက် အလွန်လျင်မြန်စွာ အသက်တို့သည် ကုန်ဆုံးနေပုံကို မိန့်ကြားတော်မူပြီး “ဤသာ သနာတော်၌ ငါတို့သည် မမေ့မလျော့ နေကြကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၅၆။ သံ၊မြန်၊၁၊၄၄၅။ သံ၊ဋ္ဌ၊၂၊၂၀၇-၉။ သံ၊ဋီ၊၂၊၁၈၉-၁၉၀။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၉-ဩပမ္မသံယုတ္တ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ