ဒွယကာရီသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဤလူ့ပြည်၌ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ကုသိုလ်, အကုသိုလ်နှစ်မျိုးကို ပြုလုပ်ပြီး အဏ္ဍဇ, ဇလာဗုဇ, သံသေဒဇ, ဩပပါတိက ဂဠုန်မျိုးတို့၏ “ဒီဃာယုက, ဝဏ္ဏဝန္တ, သုခဗဟုလ”အကျိုးတို့ကို ကြားသိတောင့်တကြသူများသည် မိမိတို့ တောင်းတသည့် အတိုင်း အဏ္ဍဇဂဠုန်မျိုး၌ ဖြစ်ကြပုံကို ဟောတော်မူသော (အဏ္ဍဇ) ဒွယကာရီသုတ်၊ ဇလာဗုဇဂဠုန်မျိုး၌ ဖြစ်ပုံကို ဟောတော်မူသော (ဇလာဗုဇ) ဒွိယကာရီသုတ်၊ သံသေဒဇဂဠုန်မျိုး၌ ဖြစ်ပုံကို ဟောတော်မူသော (သံသေဒဇ) ဒွယကာရီသုတ်၊ ဩပပါတိကဂဠုန်မျိုး၌ ဖြစ်ပုံကို ဟောတော်မူသော (ဩပပါတိက) ဒွယကာရီသုတ်တို့ဖြစ်သည်။ အညတရ ရဟန်း၏ မေးလျှောက်ချက်အရ ဘုရားရှင် ဟောတော်မူပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၀၇-၈။ သံ၊မြန်၊၂၊၁၉၈-၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၉-သုပဏ္ဏသံယုတ္တ၊ တတိယ, စတုတ္ထ, ပဉ္စမ, ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ