ဒုတိယအဿုတဝါသုတ်

ဝီကီပီးဒီးယား မှ

[၁] အကြားအမြင်မရှိသော အဿုတဝန္တပုထုဇဉ်အတွက် အထက်သုတ်ဒေသနာ အတိုင်း ဟောတော်မူပြီး အကြားအမြင်ရှိသော အရိယာသာဝကပိုင်း၌ ပဋိစ္စသမုပ္ပါဒ် ဒေသနာအကျဉ်းအပြီးတွင် ဝေဒနာသုံးပါးနှင့် ဖဿတို့ဖြစ်ပုံ, ချုပ်ပုံကို ထင်းချောင်း နှစ်ချောင်း ပွတ်တိုက်မှုကြောင့် မီးဖြစ်လာပုံဥပမာထည့်သွင်း၍ အကျယ် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -အဿုတဝန္တအဖွင့်၊ ပုထုဇ္ဇနအဖွင့်၊ ပုထုဇဉ် ၂-မျိုး၊ သင်္ခါရ ဓမ္မတို့ ဖြစ်ပျက်နေပုံ၊ ဆီမီးလျှံဥပမာ၊ လက်ဖျက်တစ်ချက်တီးချိန်အတွင်း၌ စိတ္တက္ခဏ ပေါင်း ကုဋေတစ်သိန်ဖြစ်နိုင်ပုံ၊ မျောက်ဥပမာ ရှင်းလင်းချက်၊ မြွေကိုက်သော ဥပမာ အစရှိသော မှတ်သားဖွယ်တို့ကို ဖွင့်ပြထားပါသည်။ ။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၂၀-၂။ သံ၊မြန်၊၁၊၃၀၇-၉။ သံ၊ဋ္ဌ၊၂၊၉၃-၄။ သံ၊ဋီ၊၂၊၁၀၈။ -သံယုတ္တနိကာယ၊ ... ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ