ဒိဒ္ဓသုတ်

ဝီကီပီးဒီးယား မှ

[၁] အဆိပ်လူးထားသော မြှားနှင့်တူသော လာဘ သက္ကာရ သိလောကသည် သေက္ခပုဂ္ဂိုလ်၌လည်း စူးဝင်နိုင်သည်။ လာဘ သက္ကာရ သိလောကသည် ကြမ်းကြုတ် ခက်ထန်လှ၏။ အနုတ္တရယောဂက္ခမကို မရနိုင်။ ထို့ကြောင့် “ဖြစ်ပြီးသော လာဘ သက္ကာရ သိလောကကို စွန့်နိုင်ဖို့ရန်၊ ဖြစ်ပြီးသော လာဘ သက္ကာရ သိလောကသည် ကုသိုလ်စိတ်ကို ကုန်ခန်း၍ မတည်စေနိုင်ရန် ကျင့်ကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၂၅။ သံ၊မြန်၊၁၊၄၁၆။ သံ၊ဋ္ဌ၊၂၊၁၉၁။ သံ၊ဋီ၊၂၊၁၇၄။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၆-လာဘသက္ကာရသံယုတ္တ၊ ပဌမဝဂ်၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ

[