ဒသဗလသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်က အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါး ဒသဗလ တရား, ဝေသာရဇ္ဇဉာဏ်လေးပါးတို့နှင့်ပြည့်စုံသော ဘုရားရှင်သည်သာလျှင် သူရဲကောင်း အာဇာနည်ပုဂ္ဂိုလ်အဖြစ်ဝန်ခံနိုင်ပုံ, ပရိသတ်ဗိုလ်ပုံအလယ်၌ မရွံ့မကြောက် ခြင်္သေ့ဟောက်သို့ရဲဝံ့စွာ ဓမ္မရတနာကို မိန့်ကြားနိုင်ပုံ မြတ်သောဓမ္မစက္ကကို ဖြစ်တည် (လည်စေ)နိုင်ပုံကို မိန့်ကြားတော်မူပြီး ခန္ဓာငါးပါးတို့၏ အသီးအသီး ခန္ဓ, သမုဒယ, အတ္ထင်္ဂမ, ကြောင်း, ကျိုးဓမ္မတို့၏ ဖြစ်, ချုပ်နေပုံ ပဋိစ္စသမုပ္ပါဒ အနုလောမ, ပဋိလောမတို့ကို ရဟန်းတို့အား အကျဉ်းချုပ် ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၂၆၅-၆။ သံ၊မြန်၊၁၊၂၅၀-၁။ သံ၊ဋ္ဌ၊၂၊၄၁။ သံ၊ဋီ၊၂၊၅၃။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ နိဒါနသံယုတ္တ၊ ၃-ဒသဗလဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ