တေဝိဇ္ဇသုတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တေဝိဇ္ဇသုတ်။ ။ ဤသုတ်တွင် ဘုရားမြတ်စွာ သည် အသက်သတ်ကာ ယဇ်ပူဇော်ပသလေ့ရှိသော ပုဏ္ဏားတို့၏ အယူဝါဒကို ရှုတ်ချကာ ဗြဟ္မာနှင့်တွေ့ဆုံရန် ဗေဒသုံးပုံကို ကြိုးစား အားထုတ်ကြသော ပုဏ္ဏားတို့၏ အကျိုးမဲ့ပုံကိုလည်း အတိအလင်း ရှင်းပြတော်မူသည်။ ဗေဒသုံးပုံကို တတ်ကျွမ်းရုံမျှဖြင့် ဗြဟ္မာနှင့်မတွေ့ ဆုံနိုင်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ် တရားလေးပါးကို ကျင့်သုံးဆောက်တည်မှသာလျှင် ဗြဟ္မာကြီးနှင့် တွေ့ဆုံနိုင်မည်ဖြစ်ကြောင်းကို ဝါသေဋ္ဌဘာရဒွါဇပုဏ္ဏားအား ဘုရားမြတ်စွာက ရှင်းလင်းမြွက်ကြားတော်မူခဲ့သည်။ ဘာသာဟောင်းဖြစ်သော ဗေဒအယူနှင့် ဘာသာသစ်ဖြစ်သည့် ဗုဒ္ဓအယူတို့၏ ဆက်သွယ်ပုံကို လည်း ဤသုတ်တွင် ရှင်းလင်းစွာဖေါ်ပြထားသည်။ ဗုဒ္ဓအလိုအားဖြင့် ဝိဇ္ဇာသုံးပါသည် ပု၊ဒိ၊အာ ဖြစ်သည်။ ဗြာဟ္မာဏအလိုအားဖြင့် ဝိဇ္ဇာသုံးပါသည် သာမ၊ယဇု၊ဣရု ဤသုံးပါးဖြစ်သည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။