တိဿမေတ္တေယျသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်မေတ္တေယျ၏လျှောက်ထားချက်အရ တိဿလုလင်အား မေထုန် အကျင့်ကို ပြုကျင့်သူ၏အပြစ်ကိုးပါးနှင့် မေထုန်အကျင့်သည် အရိယာတို့၏ အကျင့် မဟုတ်၊ ယုတ်ညံ့သော ပုထုဇဉ်၏အကျင့်ဖြစ်ပုံ၊ ဝိဝေကအကျင့်သည်သာ အရိယာတို့၏ အကျင့်ဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ တိဿနှင့် မေတ္တေယျဟု သူငယ်ချင်းနှစ်ယောက်အကြောင်းနှင့် ဖွင့်သင့်သောပုဒ်တို့ကို ဖွင့်ပြထားပါသည်။ မေတ္တေယျသည် ထိုနှစ်မှာပင် ရဟန္တာဖြစ်ပုံ၊ တိဿသည် လူထွက်ပြီး ဤဒေသနာတော်အဆုံး၌ သောတာပန်အရိယာသာဝက ဖြစ်၍ ရဟန်းပြုပြီး မကြာမီ ရဟန္တာဖြစ်ပုံကို ဖွင့်ပြထားပါသည်။

ဤသုတ်ကို မဟာနိ၊၁၀၇-၁၂၄။ မဟာနိ၊ဋ္ဌ၊၂၂၆-၂၄၅။တို့၌ အရှင်သာရိပုတ္တရာထေရ်နှင့် မဟာနာမထေရ်တို့ ဖွင့်ဆိုထားကြပါသည်။ မှတ်သားဖွယ် များစွာ ပါရှိပါသည်။ [၂]


[၃] တိဿမေတ္တေယျသုတ်၊ တိဿ-အမည်ရှိသူနှင့် တိဿမေတ္တေယျ-အမည်ရှိသူမိတ်ဆွေ ၂-ဦးတို့ ဘုရားရှင်အထံ၌ ရဟန်းပြုကြရာ တိဿ မေတ္တေယျ-သည် ရဟန်းတရားပွါးများစေ၍ မကြာမြင့်မီ ရဟန်းကိစ္စပြီး၏။ တိဿ-ကား လူထွက်၍ လူ့ဘောင်၌ မွေ့လျော်ပျော်နေ၏။ တနေ့သ၌ တိဿမေတ္တေယျထေရ်သည် ချစ်မိတ်ဆွေ တိဿ-ကို ခေါ်ခဲ့၍ ဘုရားရှင် အထံ၌ “မေထုနမနုယုတ္တဿ” စသည်ဖြင့် ကာမဂုဏ်မေထုန်၌ ပျော်မွေ့သူ၏အပြစ်ကို ဟောပြရန် လျှောက်ရာ စာသင်မှု, ဘာဝနာပွါးမှုတို့ကို တာဝန်ပြုလုပ် အားထုတ်ကျင့်သုံးခြင်း ဟူသော ရဟန်းကိစ္စမှ ဖဲခွါ ပြန်ဆုတ်လျက် မေထုန်မှုကို ဓုရပြုလုပ် အားထုတ် ကျင့်သုံးသော (မေထုနမနုယုတ္တ) ရဟန်း လူထွက်၌ မိမိ လက်ရှိဖြစ်ခဲ့သော စာသင်မှု ပရိယတ္တိသာသနာ့တာဝန်ကွယ်ပခြင်း, ဘာဝ နာပါးမှု ပဋိပတ္တိ သာသနာ့တာဝန် ကွယ်ပခြင်း ပါဏဃာတ-အဒိန္နာဒါန-ပါရဒါရိက မုသာဝါဒ-သုရာပါန-ဟူသော မိစ္ဆာပဋိပတ်ကို ရဲရဲရင့်ရင့် ကျင့်သုံးခြင်းများနှင့် ဆင်ရိုင်း မြင်းရိုင်းပမာ နက်စွာသော ချောက်ကမ်းပါး ကျရောက်တတ်ခြင်း, ပုထုဇဉ်အများထဲ၌ ဟီနပုထုဇဉ်-ဟုအသမုတ်ခံရခြင်း, အထူးသဖြင့် အမိကြောင့်, နှမကြောင့်-စသည်ဖြင့် မုသား ပို၍ ပြောတတ်ခြင်း-စသော ရဟန်း လူထွက်အပြစ်များကို ဟောပြရာသုတ်။ [၄] [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သုတ္တနိ၊၄၀၆-၇။ သုတ္တနိ၊မြန်၊၃၈၃-၄။ သုတ္တနိ၊ဋ္ဌ၊၂၊၂၄၉-၂၅၂။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၄-အဋ္ဌကဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. တိဿမေတ္တေယျသုတ္တ (န) [တိဿမေတ္တေယျ+သုတ္တ။ တိဿ+တိဿမေတ္တေယျ+သုတ္တ]
  4. ခုဒ္ဒကနိကာယ၊ သုတ္တနိပါတပါဠိ၊ ၄-ဝဂ်၊ ၇-သုတ်။ သုတ္တနိ။၄ဝ၆-၇။ သုတ္တနိ၊ဋ္ဌ၊၂။၂၄၉-၂၅၂။ (-မဟာနိ။၁ဝ၇။ စူဠနိ၊ဋ္ဌ။၉။)
  5. တိပိဋကအဘိဓာန် အတွဲ-၉