ပြည်ထောင်စုပါတီ
ပြည်ထောင်စုပါတီ | |
---|---|
နာယက | ဦးနု |
တည်ထောင်ခြင်း | ၁၉၅၈ ဇွန်လ |
ဖျက်သိမ်းခြင်း | ၁၉၆၂ |
ခွဲထွက် | ဖဆပလ |
ရပ်တည်ချက် | လက်ဝဲ |
အရောင် | အနီရောင် |
ပါတီအလံ | |
![]() |
ပြည်ထောင်စုပါတီ (ပထစ) (အင်္ဂလိပ်: Union Party) သည် ၁၉၅၀ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၆၀ ခုနှစ်များအစောပိုင်းတွင် မြန်မာနိုင်ငံတွင် အာဏာရနိုင်ငံရေးပါတီဖြစ်သည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ကွဲပြီးနောက်တွင်ပေါ်ပေါက်လာသည်။ သန့်ရှင်းဖဆပလဟု ကနဦးခေါ်ဝေါ်ကြရာမှ ၁၉၆၀ ရွေးကောက်ပွဲအပြီးတွင် အမည်ပြောင်းခဲ့သည်။
သမိုင်း[ပြင်ဆင်ရန်]
ဇန်နဝါရီ လ ကွန်ဂရက်ထမှုနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့သည့် ပြည်တွင်းအငြင်းပွားမှုများနောက် ဖဆပလပါတီကို ၁၉၅၈ ခုနှစ် ဇွန်လတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ [၁] တစ်ဖွဲ့ကို ဝန်ကြီးချုပ် ဦးနု က ဦးဆောင်ပြီး "သန့်ရှင်းဖဆပလ" ဟု အမည်ပေးခဲ့သည်။ ကျန်တစ်ဖွဲ့ကို ဦး ကျော်ငြိမ်း နှင့် ဘဆွေ တို့က ဦးဆောင်ပြီး ယင်းကို တည်မြဲဖဆပလ ဟု လူသိများသည်။ သန့်ရှင်းသောအဖွဲ့ကို နုတင်အဖွဲ့ ဟု ရံဖန်ရံခါ ရည်ညွှန်းပြီး အခြားခေါင်းဆောင် သခင်တင် ကို ရည်ညွှန်းပြီး မြန်မာ့ဆိုရှယ်လစ်ပါတီ၏ လက်ဝဲ ပုံးကျောင်းအဖွဲ့နှင့် ရှေးရိုးစွဲ စီးပွားရေး အကျိုးအမြတ်အုပ်စုများ အပါအဝင် နိုင်ငံရေး လမ်းကြောင်းအမျိုးမျိုးမှ အဖွဲ့များစွာ ပါဝင်ပါသည်။ [၂]
အဆိုပါတည်မြဲအဖွဲ့ခွဲထဲမှာဖဆပလအဖွဲ့ဝင်များသည် စစ်ဗိုလ်များ ၏ ထောက်ခံမှု ကို ရခဲ့သော်ငြားလည်း ဦးနုသည် ပြည်သူ့ထောက်ခံမှုကို ပိုမိုရရှိခဲ့သောကြောင့် ဝန်ကြီးချုပ်အဖြစ်ဆက်လက်တည်ရှိနိုင်ခဲ့သည်။ [၁] သို့သော်လည်း နှစ်ဖက်အဖွဲ့များကြား အငြင်းပွားမှုမှာ ပိုမိုဆိုးရွားလာကာ ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်မှ ကြားဝင်စေ့စပ်ပေးခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ ဆယ့်ရှစ်လအကြာတွင် နေဝင်း ဦးဆောင်သော အဖွဲ့က အာဏာသိမ်း ခဲ့သည်။ [၁]
၁၉၆၀ ရွေးကောက်ပွဲတွင် မွန် နှင့် ရခိုင် လူနည်းစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးမြှင့်ပေးကာ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ ဖြစ်လာစေမည်ဟု သန့်ရှင်းဖဆပလက ကတိပြု မဲဆွယ်စည်းရုံးရာတွင် ဗုဒ္ဓဘာသာဘုန်းကြီးများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ [၂] ထို့ကြောင့် အောက်လွှတ်တော်တွင်ထိုင်ခုံ ၂၅၀ ရှိသည့် အနက် ၁၅၈ ခုံးကျော်အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဦးနု သည်လည်း ဝန်ကြီးချုပ် အဖြစ် ဆက်လက်တည်မြဲခဲ့သည်။ ရွေးကောက်ပွဲ အပြီးတွင်မူ ပြည်ထောင်စု ပါတီ ဟူသော အမည်ကို အတည်ပြုခဒ့သည်။ [၂]
၁၉၆၂ ခုနှစ်တွင် ဦးနု၏ အစိုးရ ကို နေဝင်းက လက်နက်အားကိုဖြင့်ဖြုတ်ချခဲ့ပြီး မတရား အာဏာသိမ်း ခဲ့ပြီး ထို့နောက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲ့စည်းကာ ၂၆နှစ်ကြာ စစ်အာဏာရှင် သဖွယ်အုပ်ချုပ်ခဲ့သည်။ မဆလ ၏ ညံ့ဖျင်းသော အုပ်ချုပ်မှုအောက် မြန်မာနိုင်ငံကြီး မွဲပြာကျခဲ့ ရသည်။[၃]
ကိုးကား[ပြင်ဆင်ရန်]