ဈာနာဒိသုတ်

ဝီကီပီးဒီးယား မှ

(၁၃)သုတ် ရှိပါသည်။

[၁] ဧကာဒသမသုတ်။

သတိပဋ္ဌာန်လေးပါးတရားတို့ကို ပွားများခြင်း ကြိမ်ဖန်များစွာ အလေ့အလာ ပြုခြင်းကြောင့် ဈာန ဝိမောက္ခ သမာဓိ သမာပတ္တိ သံကိလေသ ဝေါဒါနဝုဋ္ဌာနတို့ကို မှန်ကန်သည့်အတိုင်း ကွဲကွဲပြားပြား သိနိုင်၏ဟု ရဟန်းတို့အား အရှင်အနုရုဒ္ဓါ မထေရ် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည့်သုတ်။


[၂] ပဌမ ... ဒွါသမသုတ်။

ဂင်္ဂါမြစ်သည် အရှေ့ဖက်သို့ ညွတ်ယိမ်းကိုင်းရှိုင်း စီးဆင်းသွားသကဲ့သို့ ရူပါဝစရဈာန်လေးပါးတို့ကို ပွားများသည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ , ပြုအပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်လိမ်းကိုင်းရှိုင်းလေတော့၏ဟု ဈာန်တစ်ပါးစီ တစ်ပါးစီ ဖြစ်စေပုံ ပွားများပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၂၆၇။ သံ၊မြန်၊၃၊၂၆၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၈-အနုရုဒ္ဓသံယုတ္တ၊ ဒုတိယဝဂ္ဂ၊
  2. -သံ၊၃၊၂၆၈။ သံ၊မြန်၊၃၊၂၇၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၉-ဈာနသံယုတ္တ၊ ၁-ဂင်္ဂါပေယျာလဝဂ္ဂ၊
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ