ဇရာသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အိုမင်းသည့်တိုင်အောင် ကောင်းသောအရာကား “သီလ၊ ယုံကြည်မှု “သဒ္ဓါ”၌ စွဲမြဲစွာတည်နေခြင်းသည် သူတော်ကောင်းဖြစ်၏။ လူသားတို့၏ ရတနာကား ပညာ၊ ခိုးသူတို့ မလုယူနိုင်သောအရာကား ကုသိုလ်ကောင်းမှုဟု အညတရနတ်သားအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုထားပါသည်။


[၂] သာကေတမြို့သား ဘုရားရှင်၏ မယ်တော် ခမည်းတော်တော်စပ်ဖူးသော ဗြာဟ္မဏဇနီးမောင်နှံနှစ်ဦးတို့ ပရိနိဗ္ဗာန်ဝင်စံသဖြင့် အန္တိမဈာပနသဘင် ဆင်ယင် ကျင်းပရာ သာကေတမြို့သုသာန်၌ ပရိသတ်တို့အား သံဝေဂဉာဏ် ဖြစ်ပွားစေရန် (၁၀)ဂါထာဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဗုဒ္ဓမာတာပိတုဝတ္ထုအပြည့်အစုံနှင့် ဂါထာများအဖွင့် ဒေသနာတော်အဆုံး၌ ပရိသတ်(၈၄၀၀၀)တို့ တရားသိမြင် ကျွတ်တမ်းဝင်ပုံကို ပြဆိုထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၃။ သံ၊မြန်၊၁၊၃၃။ သံ၊ဋ္ဌ၊၁၊၈၆-၇။ သံ၊ဋီ၊၁၊၁၂၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၆-ဇရာဝဂ်၊ ပဌမသုတ်။
  2. -သုတ္တနိ၊၄၀၅-၆။ သုတ္တနိ၊မြန်၊၃၈၂-၃။ သုတ္တနိ၊ဋ္ဌ၊၂၊၂၄၆-၉။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၄-အဋ္ဌကဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ