ဇရာမရဏသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဇရာမရဏမှလွတ်သော ဇာတိရှိပါသလား? ဟု မေးလျှောက်လာသော ကောသလဘုရင်အား “ချမ်းသာကြွယ်ဝသော ခတ္တိယမဟာသာလ, ဗြာဟ္မဏ မဟာသာလ၊ ဂဟပတိမဟာသာလတို့အားလည်း ဇရာ, မရဏမှ လွတ်သော ဇာတိမရှိပုံ၊ ရဟန္တာပုဂ္ဂိုလ်သည်လည်း ဤရူပကာယ၏ ပျက်စီးခြင်းသဘော ပစ်ချရခြင်းသဘောရှိပုံ အကျယ်ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မဟာသာလများအကြောင်းနှင့် သိသင့်သော ပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။


[၂] ဇရာမရဏ, ဇရာမရဏသမုဒယ, ဇရာမရဏနိရောဓ, ဇရာမရဏ နိရောဓဂါမိနီပဋိပဒါတို့ကို မသိကြသော သမဏ, ဗြာဟ္မဏတို့ကို သမဏ, ဗြာဟ္မဏတို့၌ သမဏ-ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအရှင်တို့သည် မျက်မှောက်ဘဝ၌ပင် သာမညတ္ထ ဗြာဟ္မညတ္ထတို့ကို ကိုယ်တိုင် ထူးသောဉာဏ် ဖြင့်သိ၍ မျက်မှောက်ပြု၍ မနေနိုင်ကြ။ ဇရာမရဏ အစရှိသော ဓမ္မလေးပါးတို့ကို ကွဲကွဲပြားပြား သိကြကုန်သော သမဏဗြာဟ္မဏတို့ကို သမဏဗြဟ္မဏတို့၌ သမဏဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအရှင်တို့သည် သာမညတ္ထ၊ ဗြဟ္မညတ္ထတို့ကို မျက်မှောက်ဘဝမှာပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိကြကုန်၍ မျက်မှောက်ပြုကြကုန်၍ နေနိုင်ကြကုန်၏ဟု ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၇၀-၁။ သံ၊မြန်၊၁၊၆၉-၇၀။ သံ၊ဋ္ဌ၊၁၊၁၂၆-၇။ သံ၊ဋီ၊၁၊၁၇၅-၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၃-ကောသလသံယုတ္တ၊ ပဌမဝဂ္ဂ၊ တတိယသုတ်။
  2. -သံ၊၁၊၃၄၈။ သံ၊မြန်၊၁၊၃၃၃-၄။ သံ၊ဋ္ဌ၊၂၊၁၁၈။ သံ၊ဋီ၊၂၊၁၂၅။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၈-သမဏဗြဟ္မဏဝဂ္ဂ၊ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ