ဇရာဓမ္မသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင်ရူပကာယတော်၏ ဇရာသဘာဝ မသိမသာဖြစ်ပေါ်လာသည်ကို အရှင်အာနန္ဒာ လျှောက်ထားမှုနှင့်ဆက်စပ်၍ အရွယ်နုပျိုမှု၌ ဇရာဓမ္မ ကျန်းမာမှု၌ ဗျာဓိဓမ္မ အသက်ရှင်မှု၌ မရဏဓမ္မတို့ ဖြစ်ပေါ်လာပုံကို မိန့်ကြားတော်မူပြီး ဇရာ, မရဏတို့ သတ္တဝါတို့ကို နှိပ်စက်နေပုံကို သံဝေဂဉာဏ်ဖြစ်စေရန် သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတု ပြသာဒ်အနောက်ဖက် လေသာဆောင်၌ အရှင်အာနန္ဒာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဘုရားရှင် နေပူဆာလှုံမှုနှင့်ဆက်စပ်၍ ဖွင့်ဆိုချက်၊ ဘုရားရှင်နှင့် ပကတိလူသားတို့၏ ဇရာဓမ္မနှိုင်းယှဉ်ချက်၊ ဘုရားရှင်၏ ဇရာသဘာဝ အခြားသူတို့အား မသိသာသော်လည်း အနီးကပ်နေသော အရှင်အာနန္ဒာအား သိသာပုံ၊ အရှင်အာနန္ဒာ၏ ဂရဟနစ္ဆရိယဖြစ်ပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၉၀-၁။ သံ၊မြန်၊၃၊၁၉၆-၇။ သံ၊ဋ္ဌ၊၃၊၂၇၅-၆။ သံ၊ဋီ၊၂၊၄၉၈-၉။ သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၅-ဇရာဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ