ဆန္ဒရာဂသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင်ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ခန္ဓာငါးပါး၌ ဆန္ဒ ရာဂကို ပယ်စွန့်(နိုင်အောင် အားထုတ်)ကြ ကုန်လော့။ ဤသို့ ဆန္ဒရာဂကို ပယ်စွန့်နိုင်သည်ရှိသော် ထိုခန္ဓာငါးပါးကို ဥစ္ဆိန္နမူလ တာလာဝတ္ထုကတ အနဘာဝံကတ အာယတိံအနုပ္ပါဒဓမ္မဖြစ်အောင် ပယ်စွန့်ပြီး ဖြစ်လတ္တံ့ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ရဟန်းတော်တို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အထက်ပါ ဆန္ဒပ္ပဟာနသုတ်တော်အတိုင်း ခန္ဓာငါးပါးတို့၌ ဆန္ဒ ရာဂ နန္ဒီ တဏှာကို ပယ်စွန့်ရန် အရှင်ရာဓထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၃။ သံ၊မြန်၊၂၊၂၂။ သံ၊ဋ္ဌ၊၂၊၂၂၄။ သံ၊ဋီ၊၂၊၂၁၅။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၃-ဘာရဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -သံ၊၂၊၁၅၇-၈။ သံ၊မြန်၊၂၊၁၄၉-၁၅၀။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၂-ရာဓသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ