စိရဋ္ဌိတိသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်အာနန္ဒာနှင့် အရှင်ဘဒ္ဒထေရ်တို့ မဂဓနိုင်ငံ ပါဋလိပုတ္တမြို့ ကုက္ကုဋာရာမ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဘဒ္ဒထေရ်ကလျှောက်ထားသဖြင့် “သတိပဋ္ဌာန်လေးပါးကို ပွားများခြင်း, ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးသော်လည်း သူတော်ကောင်း(သဒ္ဓမ္မတရားများ ကြာရှည်လေးမြင့်စွာ တည်ရှိနိုင်မည်။ ယင်းသတိပဋ္ဌာန်လေးပါးကို မပွားများကြ, ကြိမ်ဖန်များစွာ အလေ့ အလာ မပြုကြလျှင် သူတော်ကောင်း(သဒ္ဓမ္မ)တရားများ ကြာရှည်လေးမြင့်စွာ တည်လိမ့်မည်မဟုတ်”ဟု အရှင်အာနန္ဒာထေရ် ဖြေကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၄၉။ သံ၊မြန်၊၃၊၁၅၄-၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ သီလဋ္ဌိတိဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ