မာတိကာသို့ ခုန်သွားရန်

စာပေဗိမာန်ဆု

ဝီကီပီးဒီးယား မှ

၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကို ဖွဲ့စည်းခဲ့ပြီး စာပေဗိမာန်ဆု ဟူသော စာပေဆုတစ်ရပ်ကို တီထွင်ချီးမြှင့်ခဲ့သည်။ []၁၉၄၈ ခုနှစ်မှစ၍ တစ်နှစ်အတွင်း ထွက်ပေါ်ခဲ့သော စာအုပ်များအနက် အကောင်းဆုံးကို ရွေးချယ်ကာ ဆုငွေ ကျပ် ၁၀၀၀ ချီးမြှင့်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် ဆုချီးမြှင့်ရန် သင့်လျော်သော စာအုပ်ဟူ၍ မတွေ့ရှိရသဖြင့် ဆုမချီးမြှင့်ခဲ့ရပေ။ ထို့နောက် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခု နှစ်အထိ အဆက်မပြတ် ချီးမြှင့်ခဲ့သည်။

စာပေဗိမာန်ဆုသည် မူလက ကာလပေါ် မြန်မာဝတ္ထုရှည်ဆု တစ်ဆုသာ သတ်မှတ်ခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ်တွင် စာပဒေသာဆုနှင့် ဘာသာပြန်ဆု၊ ၁၉၅၃ ခုနှစ်တွင် သုတပဒေသာဆု၊ ၁၉၅၉ ခုနှစ်တွင် ဝတ္ထုတိုပေါင်းချုပ်ဆု၊ ပြဇာတ်ဆုနှင့် ကဗျာဆုတို့ကို အသီးအသီး တိုးချဲ့ကာ ခုနစ်ဆုအထိ ဖြစ်လာသည်။ ချီးမြှင့်သော ဆုငွေမှာ ဘာသာပြန်ဆုအတွက် ကျပ် ၇၅ဝ ဖြစ်ပြီး ကျန်ခြောက်ဆုမှာ တစ်ဆုလျှင် ငွေကျပ် ၁ဝဝဝ ဖြစ်၏။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အစိုးရ အပြောင်းအလဲဖြစ်၍ ထိုနှစ်အတွက် စာပေဗိမာန်ဆု မချီးမြှင့်နိုင်သော်လည်း ၁၉၆၂ ခုနှစ် အတွက်ဆုကို အနုပညာ စာပေဆိုင်ရာဆုဟု အမည်ပြောင်းကာ တော်လှန် ရေးအစိုးရက ၁၉၆၄ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။ ၁၉၆၅ ခုနှစ်မှစ၍ အမျိုးသားစာပေဆု ဟူ၍ အမည်ပြောင်းကာ ဆက်လက်ချီးမြင့်ခဲ့ရာ ယနေ့တိုင် ဖြစ်လေသည်။[]


၁၉၄၈ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ကာလပေါ်ဝတ္ထုဆုမိုးအောက်မြေပြင်မင်းအောင်

၁၉၄၉ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ကာလပေါ်ဝတ္ထုဆုဆုရသူ မရှိ

၁၉၅၀ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ကာလပေါ်ဝတ္ထုဆုမင်းမှုထမ်းတက်တိုး

၁၉၅၁ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ကာလပေါ်ဝတ္ထုဆုတပ်ထဲက မြတ်ကိုကိုသာဓု
စာပဒေသာဆုဆင်ယင်ထုံးဖွဲ့မှုကျမ်းရွှေကိုင်းသား
ဘာသာပြန်ဆုဆုရသူ မရှိ

၁၉၅၂ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ကာလပေါ်ဝတ္ထုဆုဆုရသူ မရှိ
စာပဒေသာဆုသတင်းစာအခြေခံပညာဂျာနယ်ကျော် တင့်ဆွေ
ဘာသာပြန်ဆုမြှော်တလင့်လင့်ရွှေဥဒေါင်း

၁၉၅၃ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
စာပဒေသာဒေသန္တရ အုပ်ချုပ်ရေးဦးမျိုးခင်

၁၉၅၄ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ကာလပေါ်ဝတ္ထုဆုငမဲကျွန်စစ်ကိုင်း ဦးဘိုးသင်း
ဘာသာပြန်ဆုအီစွတ်ပုံပြင်များမင်းယုဝေငွေတာရီ

၁၉၅၅ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ဝတ္ထုရှည်ဆုမုန်း၍မဟူဂျာနယ်ကျော် မမလေး
ဘာသာပြန်ဆုသွေးစုပ်မြေရွှေဥဒေါင်း
စာပဒေသာဆုသခင်ကိုယ်တော်မှိုင်းဋီကာဇော်ဂျီ
သုတပဒေသာဆုမြန်မာ စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်ဒဂုန်နတ်ရှင်

၁၉၅၆ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ဝတ္ထုရှည်ဆုကိုယ်တွေ့စုံထောက်မှုပုလိပ်အရာရှိတဦး
ဘာသာပြန်ဆုဘဝအထွေထွေသိပ္ပံစိုးလှ
စာပဒေသာဆုမော်စကိုမှ ရန်ကုန်သို့မန်းတင်
သုတပဒေသာဆုဆုရသူ မရှိ

၁၉၅၇ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ဝတ္ထုရှည်ဆုဂွမ်းပုံဓူဝံ
ဘာသာပြန်ဆုလူလော နာနာဘာဝလောဗိုလ်အေးမောင်
စာပဒေသာဆုထောင်နှင့် လူသားလူထုဦးလှ
သုတပဒေသာဆုဝတ္ထုရေးလိုသော်သူရိယကန္တိ

၁၉၅၈ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ဝတ္ထုရှည်ဆုအရှေ့ကနေဝန်း ထွက်သည့်ပမာသိန်းဖေမြင့်
ဘာသာပြန်ဆုပျို့တို့အချစ်တော်တင့်တယ်
စာပဒေသာဆုဆုရသူ မရှိ
သုတပဒေသာဆုဆုရသူ မရှိ
ဝတ္ထုတိုဆုဆုရသူ မရှိ
ပြဇာတ်ဆုဆုရသူ မရှိ
ကဗျာဆုနုယဉ်ကဗျာများနုယဉ်
ပဒေသာရတုများလက်ဝဲမင်းညို

၁၉၅၉ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ဝတ္ထုရှည်ဆုဆုရသူ မရှိ
ဘာသာပြန်ဆုရော်ဘင်ဆင် ကရူးဆိုးဒဂုန်ရွှေမျှား
စာပဒေသာဆုမင်းလှခံတပ်နတ်မောက်ဘုန်းကျော်
သုတပဒေသာဆုဆုရသူ မရှိ
ဝတ္ထုတိုပေါင်းချုပ်ဆရာ့ဇာတ်လမ်းစုံမောင်သင်
ပြဇာတ်ဆုဆုရသူ မရှိ
ကဗျာဆုဖန်မီးအိမ် ကဗျာများတင်မိုး

၁၉၆၀ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်မည်စာရေးဆရာ
ဝတ္ထုရှည်ဆုအရိုင်းစံပယ်အောင်လင်း
မမကြီးဗန်းမော်တင်အောင်
ဘာသာပြန်ဆုဆုရသူ မရှိ
စာပဒေသာဆုဆုရသူ မရှိ
သုတပဒေသာဆုဆုရသူ မရှိ
ဝတ္ထုတိုပေါင်းချုပ်ဆုကြေးမုံရိပ်သွင်ခင်နှင်းယု
ပြဇာတ်ဆုဆုရသူ မရှိ
ကဗျာဆုငွေတာရီကဗျာ ၁၀၀ငွေတာရီ

၁၉၆၁ ခုနှစ်

[ပြင်ဆင်ရန်]
စဉ်ဆုအမည်စာအုပ်အမည်စာရေးဆရာ
ဝတ္ထုရှည်ဆုသက်ဝေမေကျော့ဒေါက်တာထွန်းရွှေ
ဘာသာပြန်ဆုဆုရသူ မရှိ
စာပဒေသာဆုမြန်မာ့မျက်ပွင့်ဇေယျ
သုတပဒေသာဆုတစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များရွှေဥဒေါင်း
ရဲဘော်သုံးကျိပ် ပြည်တော်ပြန်ဗိုလ်တာရာ
ဝတ္ထုတိုပေါင်းချုပ်ဆုစံပယ်ဦးဒဂုန်တာရာ
ဘဝထိုထိုသော်တာဆွေ
ပြဇာတ်ဆုဆုရသူ မရှိ
ကဗျာဆုမဲခေါင်မြစ်မှ အိုရွက်ဝါထီလာစစ်သူ

အခြားကြည့်ရန်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]