တင်အောင်၊ ဗန်းမော်

ဝီကီပီးဒီးယား မှ
(ဗန်းမော်တင်အောင် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဗန်းမော်တင်အောင်
ဗန်းမော်တင်အောင်
မွေးသက္ကရာဇ် ၁၉၂ဝ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့
အမည်ရင်း တင်အောင်
နို်င်ငံ Flag of Myanmar.svg မြန်မာ
မိဘအမည် ကျောင်းဆရာ ဦးနေ + ဒေါ်စောမြိုင်
ကလောင် အမည်ခွဲများ မောင်တင်အောင်၊ မောင်တင်အောင် (ဟိုက်စကူးကျောင်း၊ ရန်ကုန်)၊ မဟာအောင်၊
အလုပ်အကိုင် စာရေးဆရာ၊ သတင်းစာဆရာ
မွေးဖွားရာဒေသ ပဲခူးမြို့
ထင်ရှားကျော်ကြားမှု

ဗန်းမော် တင်အောင် [၁၉၂ဝ - ၁၉၇၈][ပြင်ဆင်ရန်]

ပဲခူးမြို့တွင်အဖ ကျောင်းဆရာ ဦးနေ၊ အမိ ဒေါ်စောမြိုင် တို့က ၁၉၂ဝ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း သုံးယောက်တွင် အကြီးဆုံး ဖြစ်သည်။ ဇာတာအမည် မောင်တင်ဦး၊ အမည်ရင်းမှာ ဦးတင်အောင် ဖြစ်သည်။ ဗန်းမော်တင်အောင်၏ ကလောင်ခွဲ များမှာ ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ မောင်အေးသွင်၊ တင်အောင် (ဟိုက်စကူး ကျောင်းသား)၊ ဦးတင်အောင် (အယ်ဒီတာ)၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန် နှင့် လင်းယုန် (ဗမာနိုင်ငံ) တို့ ဖြစ်ကြသည်။


ပဲခူးမြို့ အစိုးရ အထက်တန်းကျောင်း (၁၉၂၆ - ၂၉) တွင် ဒုတိယတန်း အထိ၊ တောင်ငူမြို့ အစိုးရ အထက်တန်း ကျောင်း (၁၉၂၉ - ၃၁) တွင် စတုတ္ထတန်း အထိ၊ စစ်ကိုင်းမြို့ အစိုးရ အထက်တန်း ကျောင်း (၁၉၃၁ - ၃၂)တွင် ပဉ္စမတန်း အထိ၊ ဗန်းမော်မြို့ အစိုးရ အထက်တန်း ကျောင်း (၁၉၃၂ - ၃၅) တွင် သတ္တမတန်း အထိ၊ ရန်ကုန် ဟိုက်စကူး ကျောင်း (၁၉၃၅ - ၃၈) တွင် ဆယ်တန်းအောင်သည်အထိ ပညာသင်ကြား ခဲ့သည်။


ဆယ်တန်း အောင်ပြီးနောက် ၁၉၃၈ ခုနှစ်၌ မြန်မာ့ အလင်း သတင်းစာတွင် အလုပ်သင်သတင်းထောက် အဖြစ်အလုပ် စတင်လုပ်ခဲ့သည်။ စတီးဘရားသား ကုမ္ပဏီ သစ်ကိုယ်စားလှယ် (၁၉၃၉ - ၄ဝ)၊ ဗြိတိသျှစစ်တပ် အထက်မြန်မာပြည် တပ်ရင်း တပ်စုမှူး [တပ်ကြပ်ကြီး] (၁၉၄၁ - ၄၂)၊ သစ်တော ဌာန သစ်ဖြတ် ဝန်ထောက် (၁၉၄၂ - ၄၅)၊ စတီးဘရားသား သစ်ကိုယ်စားလှယ် (၁၉၄၅ - ၄၆)၊ ၁၉၄၆ - ၄၉ တွင် သစ်ကုန်သည်၊ သစ် အဝယ်တော် လုပ်ငန်း များကို လုပ်ကိုင် ခဲ့ပြီးနောက် သတင်းစာ ဆရာ၊ စာရေး ဆရာ ဘဝဖြင့် ကွယ်လွန်သည် အထိ ရပ်တည် နေထိုင် သွားခဲ့သည်။


'လင်းယုန်' ကို ၁၉၄၆ ခုနှစ် ကတည်းကပင် ပြည်မြို့မှ ထုတ်ဝေနိုင်ရန် ကြိုးစားခဲ့ဖူးသည်။ တာရာ မဂ္ဂဇင်း တွဲဖက် အယ်ဒီတာ (၁၉၄၉)၊ လင်းယုန် ဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာ (၁၉၅ဝ - ၅၂) နှင့် (၁၉၅၇ - ၅၉)၊ လင်းယုန် သတင်းစာ ထုတ်ဝေသူနှင့် အယ်ဒီတာ (၁၉၅၁ - ၅၂) နှင့် (၁၉၅၈)၊ မြန်မာ စာပေ မဂ္ဂဇင်း ထုတ်ဝေသူနှင့် အယ်ဒီတာ (၁၉၅၁) တာဝန် များကို ယူခဲ့သည်။ ယုံကြည်ချက်ကို စာပေဖြင့် တင်ပြရုံ မျှမက လူထု လှုပ်ရှားမှု များတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ခဲ့သည်။


ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် [မြန်မာနိုင်ငံ] အမှုဆောင် လူကြီး (၁၉၅၁ - ၆၃)၊ မြန်မာ နိုင်ငံ စာရေးဆရာ အသင်း အမှုဆောင် (၁၉၅ဝ - ၅၁)၊ ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် (၁၉၅၇ - ၆၃)၊ စာရေးဆရာ စာပေ ကလပ် အမှုဆောင် (၁၉၆၁)၊ ပြည်ထောင်စု မြန်မာ နိုင်ငံ စာရေး ဆရာ သမဂ္ဂ ဥက္ကဋ္ဌ (၁၉၆၃ - ၆၄) တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာ-အယ်လ်ဘေးနီးယား မိတ်ဆွေဖြစ် အသင်း ဥက္ကဋ္ဌနှင့် တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသား ကော်မတီ ဒုက္ကဌ တို့တွင်လည်း တာဝန် ယူခဲ့သည်။


ဖဆပလ အစိုးရ ခေတ်တွင် စာပေ အရေးအသားကြောင့် ၁၉၅၂ ဩဂုတ်လ ၂၉ ရက်နေ့မှ ၁၉၅၇ ဇန်နဝါရီလ ၄ ရက်နေ့ အထိ (စုစုပေါင်း ၄ နှစ် ၄ လ ၆ ရက်) ပထမဆုံး အဖမ်း ခံရသူ ဖြစ်ခဲ့သည်။ ၁၉၅၈ နိုဝင်ဘာလထုတ် လင်းယုန် ဂျာနယ်ပါ အရေးအသားကြောင့် ၁၉၅၉ ခုနှစ် ကနေ ၁၉၆၂ ထိ ၂ နှစ်ကြာ ထပ်မံ ဖမ်းဆီး ခံရပြန်သည်။ တဖန် ၁၉၅၆ မှ ၁၉၇၂ ထိ စာပေ အရေးအသားကြောင့် ကိုကိုးကျွန်းတွင် ၅ နှစ်နှင့် အင်းစိန် ထောင်၌ ၂ နှစ်ခန့် အကျဉ်း ချထား ခံရ ပြန်သည်။ အကျဉ်းထောင်နှင့် ကိုကိုးကျွန်းတွင် စုစုပေါင်း ၁၃ နှစ်မျှ နေထိုင်ခဲ့ရသည်။


စာပေ လောကသို့ ပထမဆုံး ဝင်ရောက် လာသည်မှာ ၁၉၃၈ တွင် ဖြစ်သည်။ 'မောင်တင်အောင်' ကလောင် အမည်ဖြင့် ရေးသားသော "ဘုန်း မေ့နိုင်ဘူး" ဝတ္ထု နှင့်ပင် ဖြစ်သည်။ ထို့နောက် 'မြန်မာ့ ရုပ်ရှင်'၊ 'ဘားမား ဂျာနယ်'၊ 'မြန်မာ့ တာဝန်' မဂ္ဂဇင်း များတွင် 'မောင်တင်အောင်၊ ဟိုက်စကူးကျောင်း၊ ရန်ကုန်' အမည်ဖြင့် ဝတ္ထုများ ရေးခဲ့သည်။ ၁၉၃၉ တွင် 'မဟာအောင်' ကလောင် အမည်ဖြင့် 'ဂျာနယ်ကျော်' တွင် "စစ်ထွက် ယောက်ျား" ဝတ္ထုတိုကို ရေးသား ခဲ့သည်။ ၁၉၄၉ နိုဝင်ဘာ 'ဂျာနယ်ကျော်' တွင် 'ဗန်းမော် တင်အောင်' ကလောင် အမည် စယူပြီး "နော်မူဂေး" ဝတ္ထုတိုကို ရေးခဲ့သည်။ ဗန်းမော်မြို့တွင် ပညာ သင်ကြားခဲ့ ရသည်ကို စိတ်၌ စွဲမှတ်ကာ ကလောင် နာမည်တွင် 'ဗန်းမော်' ထည့်ယူ ခဲ့သည်။ ဗန်းမော် တင်အောင် ကလောင် အမည်ဖြင့် ပထမဆုံး ထုတ်ဝေပြီး ထင်ရှား ကျော်ကြား ခဲ့သော လုံးချင်းဝတ္ထုမှာ "ဘုန်းမောင် တယောက်ထဲရယ်" ဖြစ်သည်။

ရေးသား ထုတ်ဝေခဲ့သော ဝတ္ထုများမှာ[ပြင်ဆင်ရန်]

  1. လွမ်းရစ်တော့ သက်လှယ်ရယ် (၁၉၄၉)၊
  2. ဤလူ့ရိပ်မြုံ (၁၉၅ဝ)၊
  3. ဘဝသံသရာ မကြင်ရမယ့် (၁၉၅ဝ)၊
  4. ဒေါက်တာရေချမ်း (၁၉၅ဝ)၊
  5. မုန်တိုင်းထဲက လူ (၁၉၅ဝ)၊
  6. ခင်မမကြူ (၁၉၅၁)၊
  7. ငွေနှင်းမှုံမှုံ (၁၉၅၁)၊
  8. သူပုန်ကြီး (၁၉၅၁)၊
  9. ပြည်တော်သာ ခင်ခင်ဦး (၁၉၅၂)၊
  10. မောင့်မေတ္တာ (၁၉၅၂)၊
  11. အညတရ (၁၉၅၂)၊
  12. အမေ (၁၉၅၃)၊
  13. အညတရ (၁၉၅၃)၊
  14. ပြန်ကြုံ တွေ့ရ ပါပြီ (၁၉၅၅)၊
  15. မောင့် မေတ္တာ (၁၉၅၆)၊
  16. အေပီ ချက်ကော့ဖ် ဝတ္ထုတိုများ (၁၉၅၆)၊
  17. မမထားနှင့် အခြား ဝတ္ထုတိုများ (၁၉၅၇)၊
  18. မခင်နီနှင့် လက်ရွှေးစင် ဝတ္ထုတိုများ (၁၉၅၇)၊
  19. တာရာ့စ်ဘူလာဘာ (၁၉၅၇)၊
  20. မောင့်သက်လှယ် (၁၉၅၇)၊
  21. မုန်တိုင်းကထန် (၁၉၅၇)၊
  22. ချောကလက် ဗိုလ်ကြီး (၁၉၅၈)၊
  23. မြိုင် (၁၉၅၈)၊
  24. မမကြီး (၁၉၆ဝ)၊
  25. ငဩ (၁၉၆၁)၊
  26. နှလုံးသား မေတ္တာ မျက်ရည်တို့ အကြောင်း (၁၉၆၁)၊
  27. မောင်လွမ်းဝေ (၁၉၆၁)၊
  28. မြကေသီ (၁၉၆၁)၊
  29. မှောင်ထဲက ကဗျာတပုဒ် (၁၉၆၁)၊
  30. လောက ပြဿနာ (၁၉၆၁)၊
  31. ဖြစ်လေရာ ဘဝကွယ် (၁၉၆၁)၊
  32. ဘုန်းမောင် တယောက် ထဲရယ် (၁၉၆၁)၊
  33. ညိုဝါရွှေနှင့် လက်ရွေးစင် ဝတ္ထုတိုများ (၁၉၆၁)၊
  34. ဘာလင် ပြဿနာ (၁၉၆၁)၊
  35. တတိယ ကမ္ဘာစစ်ကြီး ဖြစ်မည်လော (၁၉၆၁)၊
  36. အချစ်နှင့် စစ် (၁၉၆၂)၊
  37. မုန်တိုင်းထဲက ကဗျာရှင် ရောင်နီဦးဆီ (၁၉၆၂)၊
  38. မုန်းမေ့မှာ စိုးလှသည် (၁၉၆၂)၊
  39. ဘုန်းမောင် မေတ္တာ (၁၉၆၂)၊
  40. ပန်းများ ပွင့်သော ညတည (၁၉၆၂)၊
  41. ချစ်အဏ္ဏဝါဘွေ (၁၉၆၂)၊
  42. ဝမ်းနည်း ဝမ်းသာ (၁၉၆၂)၊
  43. ရဲဘော် အောင်ဒင် (၁၉၆၂)၊
  44. ကျနော် (၁၉၆၃)၊
  45. မြန်မာ နိုင်ငံတော် သမိုင်း (၁၉၆၃)၊
  46. တရုတ် - ဆိုဗီယက် အရေးတော်ပုံ (၁၉၆၃)၊
  47. ဆိုရှယ်လစ် ဋီကာ (၁၉၆၃)၊
  48. မုန်းမေ့ လေသလား (၁၉၆၃)၊
  49. မခင်နီနှင့် ဝရမ်းပြေး အုန်းဖေ (၁၉၆၃)၊
  50. ရိုးမ တိုက်ပွဲ (၁၉၆၃)၊
  51. ရွှေဥဩ (၁၉၆၃)၊
  52. ကိုလိုနီခေတ် မြန်မာ နိုင်ငံ သမိုင်း (၁၉၆၄)၊ စသည့် သမိုင်း စာအုပ်များ။
  53. ဆိုရှယ်လစ် အဘိဓာန် (၁၉၆၄)၊ စသည့် နိုင်ငံရေး သဘောတရား စာအုပ်များ။
  54. သေလျှင် မြေကြီး (၁၉၆၄)၊
  55. လူ့အောက်က လူ (သို့မဟုတ်) အညတရ တောကြက် (၁၉၆၄)၊
  56. မြိုင် (၁၉၆၅)၊
  57. မိုးတောင်ကချုန်း (၁၉၆၇)၊
  58. မုန်တိုင်းထဲက လူ (၁၉၆၇)၊
  59. မိအေး (၁၉၇၂)၊
  60. ရွှေပြည်တော် မျှော်တိုင်းဝေး (၁၉၇၂)၊
  61. မိအေး (၁၉၇၂)၊
  62. မြန်မာ မျိုးချစ် ပြောက်ကျား ခေါင်းဆောင်ကြီး ငမြတ်ထွန်းနှင့် တတ္ထုရှည် နှစ်ပုဒ် (၁၉၇၂)၊ စသည့် ဝတ္ထုတို ပေါင်းစု စာအုပ်များ။
  63. အဘမိုးကျော် (၁၉၇၃)၊
  64. ဟေဝန်ပန်းမြိုင် (၁၉၇၃)၊
  65. မြစ်ဧရယ်ပေါ်ဝယ် (၁၉၇၃)၊
  66. မြရင်မ (၁၉၇၃)၊
  67. ဒေါက်တာ လွမ်းဝေ (၁၉၇၃)၊
  68. ဟေဝန်ပန်းမြိုင် (၁၉၇၃)၊
  69. ပုဂံ ရွှေပြည် (၁၉၇၄)၊
  70. သဘာဝ သိပ္ပံ တစေ့တစောင်း လေ့လာခြင်း (၁၉၇၄)၊
  71. အဏုစကြဝဠာနှင့် မဟာစကြဝဠာ (၁၉၇၄)၊
  72. မေခင် (၁၉၇၄)၊
  73. မင်းပြစ်မင်းဒဏ် (၁၉၇၄)၊
  74. ကြေးစား (၁၉၇၅)၊
  75. ပန်းဝေဝေ (၁၉၇၅)၊
  76. အိန်စတိန်းနှင့် သူ၏ ဓမ္မတရား (၁၉၇၅)၊
  77. ကမ္ဘာ့ နိုင်ငံကြီး များနှင့် တတိယ ကမ္ဘာ (၁၉၇၆)၊ စသည့် နိုင်ငံတကာ ရေးရာ စာအုပ်များ။
  78. သဘာဝတ္ထု (၁၉၇၆)၊
  79. သူ့ဇာတ်ကောင် - သူ့ဝတ္ထု - သူ့ စာရေးဆရာ (၁၉၇၇)၊
  80. ရုပ်ကမ္ဘာ (၁၉၇၈)၊ စသည့် သိပ္ပံ ပညာ စာအုပ်များ။
  81. ပါမောက္ခ အုန်းကျော်နှင့် လမ်း ဘယ်မမြင်၊ (၁၉?)၊
  82. ဆန့်ကျင်ဖက် သမီးပျို (၁၉?)၊
  83. အမေ၊ (၁၉?)၊
  84. သင်းရနံ့လှိုင်၊ (၁၉?)၊
  85. လူ (၁၉?)၊ စသည့် လုံးချင်း ဝတ္ထုကြီးများ။
  86. ဂျက်လန်ဒန်၊ သူ့ဘဝ သူ့စာပေ၊ (၁၉?)၊ စသည့် ဘာသာပြန် စာအုပ်များ ရေးသား ခဲ့သည်။

၁၉၆ဝ ပြည့်နှစ် စာပေဗိမာန် ဆုတွင် ဝတ္ထုရှည် ဆု၌ အောင်လင်း၏ 'အရိုင်းစံပယ်' နှင့် 'မမကြီးမမကြီး' တို့ကို တွဲဖက် ပေးခဲ့ သော်လည်း ဆု လက်ခံ ရယူခြင်း မပြု ခဲ့ပေ။ နောက်ဆုံး ပြုစု ခဲ့သော စာအုပ်မှာ 'လူ' ဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၇၈ ခု အောက်တိုဘာ ၂၃ ရက် ညဦး ရး၁ဝ နာရီတွင် အဆုတ် ကင်ဆာ ရောဂါဖြင့် ရန်ကုန် ဆေးရုံ၌ ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ဦးနှင့် သား သမီး ၆ ယောက် ကျန်ရစ် ခဲ့သည်။ ဆရာ ဗန်းမော် တင်အောင် ချန်ထား ရစ်ခဲ့တဲ့ လူငယ် မျိုးဆက်သစ်တွေ အတွက် မမေ့ နိုင်လောက်တဲ့ အမှာ စကား တရပ်ကတော့။

"လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှား နေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန် ကို သူ ဘယ်လောက် သယ်ပိုး ထမ်းရွက်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ"

[၁]

စာညွှန်း[ပြင်ဆင်ရန်]

  1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၈၆ - ၈၈။
  2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၄)။ စာ ၂ရဝ - ၂၇၃။
  3. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၂၈၆ - ၃ဝ၁။
  4. ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာ များနှင့် စာစု စာရင်း။ စာ ၁၆၄ - ၁၆၈။
  5. ဒဂုန် တာရာ။ ရုပ်ပုံလွှာ (၁၉၅၅)။ စာ ၂၂၁ - ၂၄၈။
  6. ဒဂုန် တာရာ၊ ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ။ စာ ၁၂ဝ - ၁၂၈။
  7. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၁ဝ၆ - ၁၁၁။
  8. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဒီဇင်ဘာ ၁၉၇၈)။ စာ ၁၅၃ - ၁၅၄။
  9. ပါရဂူ။ ပရကထာ (၁၉၉၈)။ စာ ၂၉၇ - ၃ဝ၉။

ကိုးကား[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း၊ ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ်