သွေးစုပ်မြေ (စာအုပ်)

ဝီကီပီးဒီးယား မှ
သွေးစုပ်မြေ
စာရေးသူUpton Sinclair
မူလခေါင်းစဉ်The Jungle
ဘာသာပြန်သူရွှေဥဒေါင်း
အကြောင်းအရာဘာသာပြန်
အမျိုးအစားနိုင်ငံရေးဝတ္ထု
မီဒီယာ အမျိုးအစားပုံနှိပ်

သွေးစုပ်မြေ စာအုပ်သည် စာရေးဆရာ ရွှေဥဒေါင်း၏ ဘာသာပြန် စာအုပ်တစ်ခု ဖြစ်ပြီး မူရင်းစာရေးဆရာ Upton Sinclair ၏ The Jungle စာအုပ်ကို ဘာသာပြန်ဆိုရေးသားထားခြင်း ဖြစ်သည်။ အဓိကဇာတ်ဆောင်ဖြစ်သူ ယူရဂီသည် ဥရောပတိုက်အစွန်အဖျား နိုင်ငံငယ်လေးတစ်ခုဖြစ်သော လစ်သူယေးနီးယားနိုင်ငံမှ အမေရိကန်နိုင်ငံ ချီကာဂိုမြို့သို့ ရေကြည်ရာမြက်နုရာရှာဖွေသောအားဖြင့် မိသားစုလိုက် ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြရာတွင် အလုပ်ရှင်များ၏ အမျိုးမျိုးအဖုံဖုံသော ဂုတ်သွေးစုပ်မှုများ ငွေကြေးရှိသူများ၏ လိမ်ညာလှည့်စားမှု၊ မတရားပြုလုပ်မှုများကြောင့် မိသားစုတစုလုံးပြိုကွဲကွာ ဘဝပျက်ခဲ့ရပုံအကြောင်း နှင့် အလုပ်သမားလူတန်းစား၏ တော်လှန်သောသဘောတရားဖြစ်ထွန်းလာပုံအကြောင်းများကို ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။