စန္ဒနသုတ်

ဝီကီပီးဒီးယား မှ

(၆) သုတ်ရှိပါသည်။

[၁] စန္ဒနနတ်သား၏ မေးလျှောက်ချက်အရ “အခါခပ်သိမ်း သီလ, သမာဓိ, ပညာရှိသော လုံ့လဝီရိယထက်သန်သူ၊ နိဗ္ဗာန်သို့ စိတ်ကိုစေလွှတ်ထားသူသည် လွန်မြောက်နိုင်ခဲသော သံသရာရေယာဉ်ကို ကူးမြောက်နိုင်ပုံ၊ ကာမသညာမှကင်းသူ၊ ရူပသံယောဇဉ်ကို လွန်မြောက်သူ၊ နန္ဒီရာဂကုန်ပြီးသူသည် နက်လှစွာသော သံသရာ ရေအလျဉ်၌ မနစ်မြုပ်နိုင်ပုံတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] အရှင်မောဂ္ဂလာန်ထေရ် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်မှ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူရာ နတ်သားငါးရာတို့ခြံရံလျက် ချဉ်းကပ်ရောက် ရှိလာသော သိကြားမင်းအား ဟောတော်မူသော သက္ကသုတ်တော်ကဲ့သို့ စန္ဒနနတ်သား၊ သုယာမနတ်သား၊ သန္တုသိတနတ်သား၊ သုနိမ္မိတနတ်သား၊ ဝသဝတ္တိနတ်သားတို့အား အသီးသီး ဟောကြားတော်မူသည့်သုတ်များ။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၅၁။ သံ၊မြန်၊၁၊၅၀။ သံ၊ဋ္ဌ၊၁၊၁၀၂။ သံ၊ဋီ၊၁၊၁၅၁-၂။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၂-ဒေဝပုတ္တသံယုတ္တ၊ ၂-အနာထပိဏ္ဍိကဝဂ္ဂ၊ ပဉ္စမသုတ်။
  2. -သံ၊၂၊၄၇၃။ သံ၊မြန်၊၂၊၄၆၈။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၆-မောဂ္ဂလာနသံယုတ္တ။ ဧကာဒသမ၊ ဒွါဒသမ၊ တေရသမ၊ စုဒ္ဒသမ၊ ပန္နာရသမသုတ်များ။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ