ဂေါဓိကသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်ဂေါဓိကထေရ် ပရိနိဗ္ဗာန်ဝင်စံမှုနှင့် ဆက်စပ်၍ မာရ်နတ်၏ လျှောက်ထားချက်ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-အရှင်ဂေါဓိကထေရ်၏ ဝေဒနာအကြောင်း၊ စိတ်အကြံဖြစ်ပုံ၊ အရှင်ဂေါဓိကထေရ် ရဟန္တာဖြစ်ပုံ၊ သမသီသီ ရဟန္တာ ၃-မျိုး အကြောင်း၊ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ “ဗေလုဝစောင်း မူလပိုင်ရှင်သည် မာရ်နတ်ဖြစ်ကြောင်း၊ သောက နှိပ်စက်မှုကြောင့် ထိုနေရာ၌ ဗေလုဝစောင်းကြီး ချိုင်းကြားမှလွတ်ကျသွားကြောင်း ပါရှိပါသည်။

ဋီကာ၌-သမသီသီနှင့် ဆက်စပ်၍ သီသ ၁၃-မျိုးကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၂၁-၃။ သံ၊မြန်၊၁၊၁၁၇-၉။ သံ၊ဋ္ဌ၊၁၊၁၆၈-၁၇၀။ သံ၊ဋီ၊၁၊၂၁၆-၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၄-မာရသံယုတ္တ၊ တတိယဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ