ဂင်္ဂါသုတ်

ဝီကီပီးဒီးယား မှ

[၁] မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အညတရဗြာဟ္မဏ လျှောက်ထားချက်အရ “လွန်ခဲ့ပြီးသော ကပ္ပါများ များစွာရှိပုံ၊ ရေတွက်ခြင်းငှာ မတတ်နိုင်ပုံကို ဂင်္ဂါမြစ်ကမ်းရှိသဲများ ဥပမာဖြင့် မိန့်ကြားတော်မူပြီး သံသရာသည် အစမသိနိုင်လောက်အောင် ရှည်လျားပုံ၊ ရှည်လျားလှစွာသော သံသရာ တလျှောက် ဆင်းရဲဒုက္ခ ခံစားခဲ့ကြရပုံ၊ သင်္ချိုင်းမြေ တိုးပွားခဲ့ပုံ၊ သင်္ခါရတရားအားလုံးတို့၌ ငြီးငွေ့ခြင်းငှာ တပ်မက်မှုကင်းခြင်းငှာ လွတ်မြောက်ခြင်းငှာ အားထုတ်သင့်ပုံ ဘုရားရှင်က အကျယ်တဝင့် ရှင်းလင်းမိန့်ကြားတော်မူပါသည်။

အညတရဗြာဟ္မဏ ဥပါသကာအဖြစ်ကို ခံယူသွားပုံကို ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၉၁-၂။ သံ၊မြန်၊၁၊၃၇၈-၉။ သံ၊ဋ္ဌ၊၂၊၁၄၇။ သံ၊ဋီ၊၂၊၁၅၂။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၄-အနမတဂ္ဂသံယုတ္တ၊ ပဌမဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ